ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၁ )အပူပင်ကင်း အလွမ်းအဆွေး မရှိတဲ့ဘဝကို ပိုင်ဆိုင်ထားတဲ့ ကျွန်မအဖို့ ထိုအရာတွေက ကမ္ဘာပေါ်တွင် ရှိနေမည်လို့တောင် ကျွန်မမထင်ခဲ့ပါ။ သာမန်ရိုးရှင်းတဲ့နေ့ရက်တွေကိုဖြတ်သန်းရင်း အချိန်တွေများစွားကို ကုန်ဆုံးစေခဲ့သည်။ ကျွန်မဒီနေ့ seoul မြို့ရဲ့ G university မှာတက်ရောက်ပညာ သင်ကြားဖို့အတွက် လိုအပ်သည့်အသုံးဆောင်များ နှင့် အဝတ်များကိုသေသပ်စွာထည့်ထားတဲ့
kit-bagကို ဆွဲကာအိပ်ခန်းထဲမှ ထွက်လာခဲ့သည်။ အဲ့ဒိ တက္ကသိုလ်က အနုပညာတက္ကသိုလ်ပါ ။ Dancing , Graphic , Fine arts , Performing art နဲ့ တခြားအနုပညာတွေကိုပါ သင်ကြားပေးတဲ့ တက္ကသိုလ်ပါ ။ ကျွန်မသွားလိုရာသို့ ပို့ပေးမည့် ကျွန်မအချစ်တော် အဝါရောင် ဖိနပ်ကလေးဟာလဲ ကျွန်မ၏ခြေဖဝါးအောက်သို့ ခလာသည်။ ဖိနပ်ကြိုးကိုချည်ရင်း ကျွန်မ၏ မေမေပြောနေသော မပြီးဆုံးနိုင်မကုန်နိုင်သည့် အမှာတော်များကို နားထောင်နေမိသည်။ ကားပေါ်မှာ အသင့်စောင့်နေသည့် ဖေဖေကတော့ မျက်နှာမကောင်းလှပေ ။ ဟိုးငယ်ငယ်လေးထဲက အခုအရွယ်ထိ ဖေဖေမေမေ မပါဘဲနှင့် ကျွန်မမည်သည့်နေရာကိုမျှ တစ်ယောက်တည်းမသွားဖူးပေ။ အခုတော့ ကျွန်မဘဝ တိုးတက်ဖို့အတွက် ဂုဏ်ရောင်မြင့်မားဖို့ ကျွန်မ ပညာရေးခရီးလမ်းပေါ်တွင် လျှောက်ရအုံးမည်။ ကျွန်မသည် တစ်ခြားကျောင်းသားများကဲ့သို့ အမှတ်နှင့်ဝင်ခွင့်ဖြေပြီး မှထိုကျောင်းသိုတက်ရောက် ပညာသင်ကြားခွင့်ရခြင်းမဟုတ်ပါ။ Scholarships နှင့်ကျွန်မထိုတက္ကသိုလ်ကို တက်ရောက်ခွင့်ရသည်။ ကယ်အခုတော့မေမေ့ ကိုသွားခါနီးလေ ကလေးလးတေစ်ယောက်လို ရင်ခွင်ထဲ တိုးဝင်ပြီး ချွဲပါရစေ။" Ommaမှာတာတွေမနေ့နဲ့နော် Mo "
ကျွန်မရဲ့ဆံကေသာလေးတွေကို မေမေကအသာ ပွတ်သပ်ပေးရင်း စကားဆိုလာသည်
YOU ARE READING
ချစ်တယ် ဆိုတာထက် ပိုတယ်
Fanfictionနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...