ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၄ )လှသည် အတော်လေးကိုလှသည်။ ကျွန်မအရေှ့က စာအုပ်တွေကြားကနေ ပြတ်သားထင်ရှားစွာ မြင်နေရသည့် သူမမျက်ဝန်းတစ်စုံနဲ့ သူမမျက်နှာလေးမှာ ကျွန်မအတွက် အတော်ကို လှပလွန်းသည်။ လူတစ်ယောက်ကို တစ်စက္ကန့်လေးတောင် အရေတယူ မကြည့်တတ်တ့ဲ ကျွန်မ အခုတော့ ကျွန်မ အရေှ့က သူမမျက်ဝန်းတေကို မရေှာင်လွွဲနိုင်ဘဲ ကြည့်နေမိသည်။ ငယ်ငယ်ထဲက တစ်စုံတစ်ဦးက စိုက်ကြည့်နေလျှင် အလိုလိုကြောက်နေတတ်သည့် ကျွန်မ အခုတော့ သူမအကြည့်တွေကိုပင် လိုလိုလားလ ားနှင့် တောင်းတမိရင်း ကြည့်နေမိသည်။ ကျွန်မ စိတ်ထဲမှပြုံးနေမိသည် ။ ထိုအပြုံးတွေကိုတော့ သူမမြင်မည်မထင်။ သူမအကြည့်တစ်ချက်လေးနဲ့ ဆုံမိခိုက်ပင် ကျွန်မရင်ကိုနွေးထွေးမွုတွေဖြစ်ပေါ်စေသည်။ ကျွန်မ လက်ထဲကစာအုပ်လေးကို ပိတ်ကာ လစ်ဟာနေတဲ့နေရာလေးမှာ ကျွန်မပြန်ထားပြီး သည်အထိ သူမ အကြည့်တွေက ကျွန်မဆီကမခွာ သေး။ ထိုအချိန် စားအုပ်စင်တန်းအစွန်းက ji ခေါ်သံခပ်ံတိုးတိုးလေးကို ကျွန်မကြားလိုက်ရသည်
်။" Mo.. Mo .. ငါတို့သွားရအောင် အတန်းချိန်နီးနေပြီ " * whisper *
ကျွန်မလဲထိုနေရာလေးကနေ ထွက်သွားခဲ့သည်။ သူမသာ ကျွန်မကို လိုက်ရှာနေမည် သိခဲ့လျှင် ကျွန်မပျော်နေမိမှာအမှန် ။ ကျွန်းမထီးကလေးပေးခဲ့တဲ့ သူသာသူမမှန်းသိခဲ့ရင် ကျွန်မ သူမအားပေးခဲ့သည့် ထီးကိုအကြောင်းပြပြီး စကားအချို့ဆိုမိမှာအမှန်။
... ... ... ... ... ... ... ... ... ... ... ...
" Mi .. နင်နေ့လည်က စာကြည့်တိုက်ထဲမှာ ဘယ်သူ့ကိုလိုက်ရှာနေတာလဲ "
အရေှ့၌ ဆရာစာသင်နေသည်ဖြစ်၍ Sa က သူ့
့မှတ်စုစာအုပ်လေးမှာ စာအချို့ရေး၍ စကားပြောလာသည်။ ကျွန်မလဲ ဆိုစာစုလေးအောက်ကနေဘဲ စာအချို့ပြန်ရေးကာ Sa အရေှ့သို့ စာအုပ်လေးပြန်တွန်းပို့ပေးလိုက်သည်။
YOU ARE READING
Fanfictionနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...