ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ရ )" ဘာလို့ .. ဒီလိုအကြည့်လေးတစ်ချက်က .. ငါ့ရင်ထဲက တည်ငြိမ်နေတဲ့ နှလုံးသားလေးကို လွုပ်ခါလ ာအောင် ပြုလုပ်နိုင်ရတာလဲ.. "
ကျွန်မကို ကြည့်နေတဲ့ သူမရဲ့ မျက်ဝန်းတေကို ကြည့့်ရင်း ကျွန်မတစ်ယောက်ထဲ ကိုယ့်ကိုယ်ကို ပြန်မေးနေမိသည် ။ သူမကတော့ ထိုမေးခွန်းကို ကြားမည်မထင်ပါ။
" ဒီမှာ .. အဆင်ပြေရဲ့လား .. "
" အော်..အော် ဟုတ်ကဲ့ .. အဆင်ပြေပါတယ်. "
" အွန်.... "
" အွန် .. " တစ်လုံးသာ ဆိုပြီး ကျွန်မလက်မောင်းသားလေးတွေကို ကိုင်ထားတဲ့ သူမလက်လေးကို လွွတ်လိုက်သည်။ သူမ ကျွန်မအနားကနေထွက်သွားမည် လုပ်တော့ ကျွန်မ သူမ အပေါ် အကျႌစလေးကို လှမ်းဆွဲလိုက်မိသည်။ သူမ ခြေလှမ်းတွေ ရပ်တန့်သွားပြီးနောက် ကျွန်မကို " ဘာဖြစ်လို့လဲ " ဆိုသည့် အကြည့်နှင့် ကြည့်လာသည်။
" ထ.. ထီး..ထီးလေးပြန်ပေးချင်လို့ ခဏလောက် စောင့်ပေးပါလား.. "
" ထီး..! "
" ခဏလေးပါ .. ခဏလေးစောင့်ပေးနော် .. "
ကျွန်မခြေလေးထော့နဲ့ထော့နဲ့ နဲ့အဆောင်ထဲကိုပြန်ဝင်လာခဲ့သည်။ ကျွန်မ အိတ်ထဲက ပန်းနုရောင်ထီး လေးကို ယူပြီးအနောက်ကိုပြန်လှည့်တော့ သူမဘယ်အချိန်ထဲက ကျွန်မအနောက်တွင် ရောက်နေသည်မသိ။ သူမ မျက်လုံးတွေက ကျွန်မဆီမှာ ရိှမနေသော်လည်း သူမကိုယ်လေးကတော့ ကျွန်မနဲ့ နီးကပ်စွာရိှနေလေသည်။ ကျွန်မအနောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လို့ရသမျှဆုတ်လိုက်ပြီး နောက်
" အဲ့နေ့က ထီးလေးငှါးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော် .. "
" အွန်.. "
ကျွန်မလက်ထဲက ထီးကိုသူမ ယူလိုက်ပြီးနောက် အခန်းထဲကနေ သူမထွက်သွားခဲ့သည်။ သူမက ကျွန်မထင်ထားသည်ထက် ပို၍အေးစက်လွန်းသည်။ သူမဝယ်လာပေးတဲ့ ဆေးအိတ်ထဲက spray ဘူးလေးကို ကျွန်မလွုပ်ခါလိုက်ပြီး နာနေတဲ့ခြေထောက်လေးကို ခုံပေါ်တင်လိုက်ပြီးနောက် လက်မလေးကို အားထည့်ကာ အပေါ်ကနေဖိချမည်အလုပ် ကျွန်မ မျက်ဝန်းအရေှ့ကို ခြေထောက်တစ်စုံလာရပ်သည်။ ကျွန်မပြုံးလိုက်မိသည်။ သူမခြေထောက်လေးဆိုတ ာကျွန်မသိနေသည်လေ။ မျက်နှာကို အနည်းငယ်ပြန်တည်လိုက်ပြီးနောက် ကျွန်မ သူမကို မော့ကြည့်လိုက်သည်။
YOU ARE READING
Fanfictionနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...