ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​ ( ၂၂ )

543 37 13
                                    

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်
🌷 အပိုင်း ( ၂၂ )

" ညကျရင်​ Ommaတို့ တစ်​​နေရာ ညစာသွားစားရ​အောင်​.. "

" အိမ်​မှာစားလဲ ရတာကို .. "

ရေ​သောက်​​နေသည့်​ Mo လက်​ထဲက ဖန်​ခွက်​ကို စားပွဲ​ပေါ်ပြန်​ချလိုက်​ရင်း ဧည့်​ခန်းသို့ ​ရောက်​လာခဲ့ သည်​.....။

ဆိုဖာမှာထိုင်​ရင်း သတင်းစာဖတ်​​နေတဲ့ Ms.Hirai တစ်​​ယောက်​ Mo သူမအနား​ရောက်​လာသည်​နှင့်​ ဖတ်​လက်​စ သတင်းစာကို​ခေါက်​လိုက်​ပြီး ခုံ​ပေါ်သို့တင်​လိုက်​သည်​.......။

" Moကို Omma​ပြောစရာရှိတယ်​..."

" ....... "

" Moအတွက်​ ဘဝလက်​တွဲ​ဖော်​ကို မိန်းက​လေး တစ်​​ယောက်​အဖြစ်​ Ommaက ​ရွေးချယ်​ထားတယ်​ဆိုရင်​ Moလက်​ခံမှာလား.. "

" ဟင်​! .. O.. Omma.. အ .. အခုက Moကို လက်​ထပ်​​ပေးဖို့​ပြော​နေတာလား.."

" အွန်​.. Ommaရဲ့ သူငယ်​ချင်းသမီးနဲ့ Moကိုလက်​ထပ်​​ပေးမလို့.."

Mr.Hirai  စကား​တွေနဲ့အတု Mi ရဲ့ပုံရိပ်​ တို့က သူမအ​တွေးစိတ်​ကူးထဲသို့ ဝင်​​ရောက်​လာသည်​......။

" .. .. .. Mo​ကျောင်းမပြီး​သေးဘူး​လေ "

" Moနဲ့လက်​ထပ်​​ပေးမယ့်​ Omma chingu ရဲ့ သမီးကလဲ ​ကျောင်းမပြီး​သေးပါဘူး.. "

" ... .. .. Moလက်​ခံ​ပေးရင်​ Omma​ပျော်​မှာလား .. 😞"

ရွှင်​လန်း​နေသည့်​ Ms.Hirai ရဲ့ အပြုံး​တွေ​ကြောင့်​ Mo ငြင်းဆန်​ဖို့ အင်​အားတို့မဲ့​နေ​လေ၏......။

... ... ... ... ... .... .... ... ... ... ...

Ji နဲ့ Sa. မုန့်​သွားဝယ်​​နေတုန်း Mi ကစားကွင်း အတွင်းက ခုံတန်းလျား​လေးတစ်​ခု​၌ ထိုင်​​စောင့်​​နေ ​လေသည်​......။

သူမ​ပေါင်​​ပေါ်တင်​ထားတဲ့ လက်​တစ်​ဖက်​ကို တစ်​ခြား​သော သုတစ်​​ယောက်​၏ လက်​ကတင်းကျပ်​စွာ လာ​ရောက်​ဆုတ်​ကိုင်​ခြင်းကို ခံလိုက်​ရသည်​မို့ Mi လန့်​သွားပြီး ​မော့ကြည့်​မိ​တော့ ထိုသူကတစ်​ခြားသူ မဟုတ်​ ......။

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​Hikayelerin yaşadığı yer. Şimdi keşfedin