ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၁၉ )🌌🌃🌃🌳🌲🌲🌳🌝
ကုတင်အထက် ဟို့လှည့်ဒီလှည့်ဖြင့် အိပ်မပျော်နိင် ဖြစ်နေသူက Mi ..
စောင်ကို ခေါင်းအထိဆွဲခြုံလိုက် အောက်ပြန်ချလိုက်နှင့် ..
Moကတော့ စာအုပ်တစ်အုပ်ရဲ့ စာမျက်နှာလေးကို လှန်ရင်း မိမိဘယ်ဘက် လက်သန်းကြွယ်လေး၌ ဝတ်ဆင်ထားသည့် ငွေရောင် လက်စွပ်လေးကိုကြည့်ရင်း ပြုံးနေမိသည်..။
အစကတော့ အခုလိုမြန်မြန်ဖွင့်ပြောမိခဲ့မယ်လို့ မထင်ခဲ့.. Miတစ်မျိုးထင်သွားမည်လည်း ဆိုးရသည်လေ..။ မိန်းကလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကို လက်ခံဖို့ဆိုတာ ခက်ခဲတဲ့အရာတစ်ခုမဟုတ်ပါလား..။
ဒီဆောင်းညလေးက ချမ်းအေးလွန်းပင်မယ့်လည်း ရင်ထဲက ပူနွေးနွေးအချစ်ဓာတ်တို့က သူမတို့နှစ်ယောက် ကိုအနွေးဓာတ်ို့ လွွမ်းခြုံပေးထားသကဲ့သို့..။
အိပ်မက်ဆိုးတွေက အတိအလင်း ဝေးရာအရပ်ဆီ၌သာ..။ အိပ်ပျော်နေတဲ့ မိန်းကလေးနှစ်ယောက်ရဲ့မျက်နှာပေါ်မှာတော့ အပြုံးရိပ်တို့ဖြတ်ဖြတ်ပြေးနေလေသည်..။
... ... ... ... ... ... ... ... ... ... ... ... ... ...
🌄🌇🌳🌲🌳🌳🌳🌲☁🌞☁☁
နံနက်ရောင်ခြည်နုနုက ပါးပြင်အထက် နေရာယူလာပြီးနောက်တော့ အစာရှာငှက်ကလေးတွေ အသိုက်မှစွန့်ခွာသွားလေ၏..။
ရေချိုးခန်းထဲမှ ရေကျသံသည်သာလျှင် တိတ်ဆိတ် နေသည့်အိမ်လေးအတွင်း ကြီးဆိုးလို့နေသည်..။
ကျောင်းသွားဖို့ အားလုံးအသင့်ဖြစ်သည့်နောက်တော့ နံနက်စာ စားရင်း ဒီနေ့အတွက် သင်ခန်းစာ အချို့ကို Moကြည့်နေလိုက်သည်..။... ... ... ... ... ... ... ... ... ... ... ... ...
" Ya. ငါတို့ ဒီနေ့ Jiတို့ အတန်းနဲ့ ပေါင်းသင်ရတော့မှာပေါ့ .. "
YOU ARE READING
Fanfictionနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...