ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၂၃ )စိတ်လွင့်နေသူ တစ်ယောက်ကဲ့သို့ ခေါင်းလေးငိုက် စိုက်ကျရင်း ဆိုးလ်လမ်းမအထက် တစ်ယောက်ထဲ လျေှာက်နေသူက Mo.
ပါးပြင်အထက်က မျက်ရည်စတို့မှာ မေးစပ်မှတစ်ဆင့် မြေပြင်အထက်ဆီသို့ .......။
လမ်းသွားလမ်းလာလူတွေ သူမကိုဝင်တိုက်မိရင် တောင် သူမမသိသလိုဘဲ .......။
မတော်လို့ လဲကျသွားမိရင်တောင့် လက်ဖဝါးနုနု အထက် ထိချပွန်းပဲ့ရာလေးဖြစ်သွားရင်တောင် သူမ ထို ဒဏ်ရာမှ နာကျင်မွု သေးသေးလေးကိုပင် မခံစားရ .......။
တိတ်ဆိတ်ခြင်းများစွာနဲ့ဘဲ သူမရဲ့အိမ်ပြန်လမ်းလေး အတိုင်းလျေှာက်နေဆဲ.......။
သူမ ငိုနေတယ် .......။
မျက်ရည်စပေါင်းများစွာကလည်း ပါးပြင်ကိုဖြတ်သန်းရင်း မြေခနေသည်.......။
ဒါပေမယ့် .......။
သူမဆီက ငိုသံသဲ့သဲ့ ၊ ရိှူက်သံ ခပ်သဲ့သဲ့လေးတော င် မကြားရပါဘူး........။
" သတ္တိမရိှတဲ့သူ .. " * mind *
သူမ ထိုစကားတစ်ခွန်းကိုဘဲ စိတ်ထဲ၌ အကြိမ်ကြိမ် ရေရွတ်နေမိသည်......။
လည်တိုင်ဖြူဖြူက သွေးကြောစိမ်းစိမ်းလေးတွေ ... ရဲတွတ်နေတဲ့ ပါးမို့မို့လေးရယ် ၊ နှာခေါင်းထိပ်လေးတွေကို သူမထံ၌ မြင်တွေ့နေရသည်......။
Moဆိုင်ထဲမှ ထွက်လာခဲ့သည်ထဲက သစ်ပင်နဲ့ကွယ်ရင်း အဝေးကနေ လှမ်းကြည့့်နေခဲ့သူက Mi.
လမ်းသွားလမ်းလာသူတွေထဲက တစ်ချို့သောသူ တွေ မတော်တစ်စ သူမကိုဝင်တိုက်မိလို့ ခြေထောက်တို့ ယိုင်နဲ့ပြီး လဲကျသွားရင်တောင် ပတ်ဝန်းကျင်ကိုတစ်ချက် ဂရုမပြုဘဲ ပြန်ထရင်း........
တိတ်ဆိတ်စွာနဲ့ ခေါင်းလေးငုံ့ရင်းသာ ဆက်လျေှာက်နေသည့် Mo ကြောင့် Miနှလုံးသားလေး က ပို၍ ထပ်တိုးပြီးနာကျင်ရပြန်သည်.......။
YOU ARE READING
Fanfictionနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...