ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၂၁ )" တောင်းပန်ပါတယ် .. အပေါ်ကဖယ်ပေး.. .. .. .. လို့ရမလားဟင်.. "
" အဲ့လောက်ထိ ငါက သဘောကောင်းတဲ့သူ မဟုတ်ဘူး.. "
Mi စကားကြောင့် Mo မှိတ်ထားသော မျက်ဝန်းတို့ က မျက်ဝန်းအဝိုင်းသားအဖြစ်သို့ပြောင်းလဲလာခဲ့ ပြီး တံတွေ့တို့ပင်မြိုချလိုက်မိသည်..။
" တွေ့လား.. နင့်ကြောင့် ငါ့နှုတ်ခမ်းပေါက် သွားတာ .. ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီ .. "
Mi လျှာလေးနဲ့ ပေါက်သွားတဲ့ အောက်နှုတ်ခမ်း သားလေးကို ထိုးပြရင်း ပြောလာသည်မို့ Mo တစ်ယောက် အသက်ရှူ တို့ပင် အမှားမှား နီရဲရဲ လျှာဖြားလေးက ပန်းနုရောင်နှုတ်ခမ်းသားလေးပေါ်၌ .......
" 😣 ကျေးဇူးပြုပြီး .. တောင်းဆိုတာပါ .. အပေါ်ကဖယ်ပေးပါ .. "
" ပြောပြီးသားလေ သဘောကောင်းတဲ့သူ မဟုတ်ပါဘူးဆို .. "
Mi မျက်ဝန်းတို့ကို စတင်ကစားလာပြီး ဖြူရောင်ရှပ် ကော်လံနဲ့အတူ အပြိုင်ဖြူဖွေးနေတဲ့ သူမလည်တိုင်း လေးအား လက်တစ်ဖက်ဖြင့် ရင်ဝကအင်္ကျီကြယ်သီး ရှိရာလို့ ဖြည်းဖြည်းချင်း မထိတထိ ပွတ်ဆွဲလာ သည်မှာ ရင်ညွန့်နားသို့ နီးကပ်လာခဲ့လေသည်..။
အောက်က Mo တစ်ယောက် Mi လက်ထဲကနေ လက်တစ်ဖက်ကို အတင်းရုန်းရင်း သူမလည်တိုင်အထက် ရွေ့လျားနေသော လက်ချောင်းတို့ကို ဖမ်းဆုတ်လိုက်ရင်း.. ရင်ထဲမှာ ကိန်းအောင်နေခဲ့တဲ့ ဝမ်းနည်းခြင်းနာကျင်မှုတွေက ရင်ဘက်ကနေ မျက်ဝန်းတို့ဆီရောက်ရှိလာတဲ့နောက်မှာတော့ Mo မျက်ဝန်း၍ မျက်ရည်စတို့ ပြည့်လျှံလာသည်..။ ထို မျက်ဝန်းတွေနဲ့ ရုံန်းနေရာက Mi ကို သေသေချာချာ စိုက်ကြည့်လာသည်မို့ Mi ရင်ထဲ စိုးထိတ်သွားသည်...။
DU LIEST GERADE
ချစ်တယ် ဆိုတာထက် ပိုတယ်
Fanfictionနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...