ချစ်တယ် ဆိုတာထက် ပိုတယ်
🌷အပိုင်း ( ၃၃)နေ့ရက်တွေဟာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလို့လာသည်နှင့်အမျှ သူမတို့ ပြိုင်ပွဲနေ့ရက်သို့ ရောက်ရိှလာခဲ့တော့သည်..။ အကနည်းပြနဲ့အတူ သူမတို့နှစ်ယောက် ပြိုုင်ပွဲကျင်းပမည့် အဆောက်အဦးသို့ ရောက်လာခဲ့သည်..။ ထိုအဆောက်အဦး အပြင်မှာရော အတွင်းထဲမှာပါ ပြိုင်ပွဲဝင်တွေ အားပေးသူတွေ စီးပွားရေးသမားတွေ mediaသမားတွေနှင့် ပြည့်နှက်နေ၏..။ အဝတ်လည်းခန်းထဲမှာ အဝတ်အစားတွေလည်းဝတ်ရင်း make-upပြင်သူကပြင် နှင့် ပြိုင်ပွဲဝင်တိုင်း ကိုယ်စီအလုပ်များနေကြသည်..။ ထိုထဲမှာမှ အဆောက်အဦးရဲ့ အရေးပေါ်လေှကားအခန်းထဲ၌ ထိုင်ပြီး စိတ်လွုပ်ရှားနေသည့် မိန်းကလေးတစ်ယောက်ရိှခဲ့သည်..။ သူမကတော့ Mina ပင်..။ MoMo အဝတ်လည်းပြီးပြန်ထွက်လာတော့ Make-upပြင်နေကျသည့် ပြိုင်ပွဲဝင် မိန်းကလေးတွေထဲမှာ Mina ကို မတွေ့တာကြောင့် ထိုအခန်းထဲကနေ ထွက်လာခဲ့ပြီး Mina ဆီသို့ သူမ ဖုန်းခေါ်လိုက်သည်..။
" ဘယ်မှာလဲ.."
" အရေးပေါ်လေှကားအခန်းထဲမှာ.."
" အဲ့နေရာကနေ ဘယ်းမှ မသွားနဲ့နော် Moလာခဲ့မယ်.."
" အွန်း.."
T.
... ... ... ... ... ... ... ... ... ... ...
Sana သူမ ပြိုင်ပွဲအတွက် အားလုံးပြင်ဆင်လို့ပြီးသွားတော့ ရေးမိုးချိုးကာ ပြိုင်ပွဲနေရာသို့ထွက်လာခဲ့သည်..။ အာဆီယံအဆင့် တက္ကသိုလ်ပေါင်းစုံ ပန်းချီပြိုင်ပွဲ ဖြစ်တာနဲ့အညီ ပြိုင်ပွဲဝင်တွေရဲ့ မိဘတွေဟာလည်း အရမ်းကို စိတ်လွုပ်ရှားနေကြသည်..။ Sana ပြိုင်ပွဲနေရာက ကားရပ်ရန်သတ်မှတ်ထားတဲ့ နေရာမှာ ကားရပ်လိုက်ပြီး လိုအပ်တဲ့ ပစ္စည်းတွေယူကာ ကားပေါ်က ဆင်းလာခဲ့သည်..။ သူမ လာလမ်းတစ်လျေှာက်မှာတော့ သူတို့သားသမီးတွေအတွက် စိတ်ပူပြီး အားပေးစကားပြောနေကြတဲ့ မိဘတွေကိုကြည့်ရင်း သူမ မိဘနှစ်ပါးရဲ့ ပုံရိပ်တွေကို မြင်ယောင်မိသည်..။ သူမနဲ့ ခပ်လှမ်းလှမ်းမှာရပ်ပြီး ပြုံးရယ်ပြနေတဲ့ Mr.Park & Mrs. Park ဟာ သူမ ငယ်ငယ်က မူကြိုကျောင်းဆင်းလျှင် အချိန်မီှလာကြိုပေးကြသည့် Mr.Park & Mrs.Park လိုပင် တစ်ယောက်ပေါ်တစ်ယောက် နားလည်မွုအပြည့်နှင့်..။ ပုံရိပ်ဆိုတာသိပေမယ့် သူမ မရွွင်မပျတော့ ပြုံးလိုက်မိသေးသည်..။ တစ်ဖန် ကောင်းကင်ကြီးကို မော့ကြည့်ရင်း မျက်ဝန်းအစုံကိုမိှတ်ကာ
နေရောင်ခြည်ရဲ့ အထိအတွေ့ကို ခံစားလိုက်၏..။ ခြေလှမ်းတွေကို ရေှ့ဆက်လှမ်းဖို့ပြင်တော့ သူမရဲ့လက်ဟာ တစ်စုံတစ်ယောက်ရဲ့ ဆုပ်ကိုင်လာခြင်းကိုခံလိုက်ရသည်..။ လှည့်ကြည့်မိတော့ သူမလက်ကိုကိုင်ထားတဲ့ မိန်းကလေးဟာ သူမလက်ကိုလွွတ်လိုက်ပြီး.......
KAMU SEDANG MEMBACA
Fiksi Penggemarနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...