ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၂ )ဒီနေ့အတွက် ကျွန်မရဲ့ တစ်နေ့တာလေးကတော့ ထူးခြားမွုမရိှဘဲ ကုန်ဆုံးခဲ့ပြန်သည်။ မေှာင်ရည်ပျိုးလာသည့် အလင်းစတို့သည် တစ်ဖြည်းဖြည်း မေှးမိှန်စပြုလာပြီး Seoulမြို့၏မိုးသားတစ်ခုလုံးကို အမေှာင်ထုဖုံးလွွမ်းလို့ လာခဲ့သည်။ တိတ်ဆိတ်လွန်းသည့် ကျွန်မရဲ့ အိမ်လေးဟာလဲ မကြာခင်မှာဘဲ အမေှာင်ထုကြီး ကြီးဆိုးသွားလေသည်။ နံနက်ဦး နေမင်းကြီးက လမင်းကြီး၏မေှးမိှန်စပြုလာသည့် အလင်းရောင်တို့နှင့်အပြိုင် တစ်ဖန် ထွန်းလင်းတောက်ပ လာပြန်သည်။ ကျွန်မရဲ့နံနက်ခင်းအစ နေ့ရက်တိုင်းသည် ဘယ်တော့မှမရိုးနိုင်သည့် နွိုးစက်သံလေးဖြင့့်သာ ကျွန်မနိုးထလာခဲ့ရပြန်သည်။ ရေမိုးချိုး အဝတ်စားလဲကာ အခန်းထဲမှထွက်လာခြဲ့ပီးနောက် ကျွန်မအတွက် တစ်နေ့တာ ခွန်အားတွေကိုအပြည့်ပေးမည့် နံနက်စာလေးကို ကျွန်မ အချိန်အနည်းငယ်တွင်း ပြင်ဆင်လိုက်သည်။ ထို့နောက် ကျွန်မ ခပ်မြန်မြန်စားပြီး G uni သို့ ပြိုင်ကားအနီလေးဖြင့်ရောက်လာခဲ့သည်။ စောသေးသည်မို့ ကျွန်မ ကျောင်းဝန်းထဲကို လျေှာက်ကြည့်နေတုန်း တစ်နေရာအရောက် ကျွန်မ အကြားအာရုံအတွင်းသို့ ဂီတသံ တိုးတိတိုးတိလေး ဝင်ရောက်လာသည်။
" နားထောင်လို့ကောင်းလိုက်တာ .. တစ်ယောက်ယောက်အခန်းထဲမှာ ကနေတာလား .. "
လေသံတိုးတိုးလေးဖြင့်သာ ကျွန်မစကားတို့ကို ဆိုလိုက်ပြီးနောက် အတန်းရိှရာကို ကျွန်မပြန်လာခဲ့သည်။ဒီတစ်ကြိမ်လည်းပဲ ကျွန်မ မသိလိုက်တာက ကျွန်မက်ို ငေးကြည့်နေသည့် လူသားတစ်ဦး ရိှနေသည်ကိုပင်။
... ... ... ... ... ... ... ... ... ... ...
နောက်အပတ်ထဲ Welcomeရိှသည်မို့ ကျွန်မ အခုရက်ပိုင်း ကျောင်းသို့စောစောလာဖြစ်နေသည်။ First year ကျောင်းသားလေးတွေအတွက် ကြိုဆိုတဲ့ပွဲမှာ ဖျော်ဖြေရန် ဆရာမရဲ့ တောင်းဆိုမွုကြောင့် ကျွန်မ အကအနည်းငယ် လေ့ကျင့်နေသည်။ ကနေရင်းမှ မောလာ၍ ကျွန်မအိတ်ထဲမှ ရေဘူးလေးကို ယူကာ မှန်နားကိုလျေှာက်လာခဲ့သည်။ အကြည်ရောင်မှန်သားတို့ဖြင့်ကာရံထားသည့်နှစ်ထပ်ဆောင် အကအခန်းအတွင်းမှ ကျောင်းဝန်းထဲသို့ လှမ်းကြည့့်၍မြင်နိုင်သည်။ ကျွန်မရေဘူး အဖုံးလေးဖွင့်ကာ မော့သောက်လိုက်ပြီးနောက် အောက်ဘက်က လမ်းပေါ်အကြည့်ရောက်မိတော့ သူမ သူမကို ကျွန်မထပ်တွေ့လိုက်ရသည်။ တိုးဝေှ့တိုက်ခက်နေတဲ့ လေညှင်းတို့ကြောင့် သူမရဲ့ ဂုတ်လောက်သာရှည်သည့် ဆံနွယ်ပျော့ပျော့လေးတွွေကလဲ လေထဲတွင်လွင့်ဝဲနေသည်။ အဖြူရောင် သိုးေမွှးဆွယ်တာလက်ရှည်လေးကို ဂျင်းပြာလေးဖြင့်တွဲဖက်ကာ သူမဝတ်ဆင်ထားသည်။ အတွင်းမှပေါ်နေသော အဝါရောင်ကော်လံလေးမှာ နေမင်း၏အရောင်နှင့်ဟပ်၍ သူမအသားရောင်လေး ဝင်းမွတ်ဖြူဖွေးနေသည်။ ကျွန်မ သူမကို ငေးကြည့်မိနေစဉ်မှာပင် သူမကျွန်မမြင်ကွင်းထဲကနေ ဒုတိယအကြိမ် ပြောက်ကွယ်သွားပြန်သည်။
YOU ARE READING
Fanfictionနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...