ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၁၄ )" ပြီးတော့ နင်က တစ်ခြားသူတွေထပ် ဆွဲဆောင်မွု ုရိှတယ် "
Mi တစ်ယောက် ထိုစကားကိုတော့ Mo ရဲ့နွုတ်ခမ်း လေးကိုကြည့်ရင်းပြောလိုက်ခြင်းဖြစ်သည်။
" ထင်လို့ပါ .. ငါက လူတွေအာရုံစိုက်တာ ခံရမယ့် အလုပ်ဆို အတတ်နိုင်ဆုံး ဝေးဝေးကရေှာင်တယ် .. အဲ့အတွက် နင့်ကိုတော့ ငါကူညီပေးနိုင်မယ်မထင်ဘူး "
" ရပါတယ် ..နင်အဆင်မပြေဘူးဆို ငါဘက်ကလည်း အတင်းတောင်းမဆိုပါဘူး .. "
" အဲ့အတွက် ငါ့ဘက်ကလဲ တောင်းပန်ပါတယ် စိတ်မကောင်းပါဘူး .. "
.. .. .... ... ... ... .. .. ..
Mi အကခန်းထဲကနေ နေ့လည်ပိုင်း စာသင်ချိန်တစ်ချိန်အပြီးလောက်မှ အတန်းရိှရာ ဆီသို့ ပြန်လာခဲ့ သည်။ မထင်မှတ်ဘဲ လမ်း၌ သူမတို့ရဲ့ စီနီယာဖြစ် ပြီး အစ်ကိုအရင်းတစ်ယောက်လို ခင်ရသည့် Jung youngကို တွေ့လိုက်ရသဖြင့် အနောက်နေ အော်ခေါ်ရင်း အနားသို့ မပြေးယုံတစ်မယ် လမ်းအမြန်လျေှာက်လာခဲ့သည်။
" Jung young oppa .. " ( shout )
" အော် .. Mi အတန်းမတတ်ဘူးလား "
" Nae.. "
" မျက်နှာလဲမကောင်းပါလား ဘာဖြစ်လို့လဲ "
" ဘားမှမဖြစ်ပါဘူး .. စိတ်ညစ်စရာလေးအနည်းငယ် ရိှနေလို့ပါ "
သူမရဲ့လက်ချောင်းလေးတေနဲ့ အနည်းငယ်ဆိုံယုံလောက် အနေအထားကို လုပ်ပြ၍ မတင်မချ အပြုံးလေးဖြင့်ပြောလိုက်သည်။ ထိုတော့ Jung young က သူမရဲ့ ဆံနွယ်လေးတွေကို အနည်းငယ်ဖွလိုက် သည်။
" အကူညီလိုရင် oppa ကိုပြောနော် "
" Nae.. oppa "
Mina's POV
Oppaသာ ကျောင်းကိုယ်စားပြု ပန်းချီပြိုင်ပွဲသွား စရာမရိှရင် သေချာပေါက် Jung young oppaကို အကူအညီတောင်းမိမယ်ထင်သည်။ ငယ်ငယ်ထဲက အိမ်နီးနားချင်မို့ jung young oppaကိုတော့ အစ်ကိုအရင်းတစ်ယောက်လို သံယောဇဉ်တော့ရိှမိသည်။ အခု ဒီကိစ္စကို ကျွန်မသာ oppaကို ပြောပြခဲ့ရင် အကူအညီတောင်းစရာမလိုလဲ သေချာပေါက် ကူညီပေးမည် ဆိုတာကိုသိသည်။ သို့သော်လည်း jung young oppaအပေါ် မကောင်းတဲ့ ညီမလေးတစ် ယောက်တော့ ကျွန်မ မဖြစ်ချင်ဘူးလေ.. ။ Oppaရဲ့ ညီမလေးသာ အသက်ရှင်လျှက်ရိှနေခဲ့မည်ဆိုလျှင် အခုဆို ကျွန်မနဲ့ သူငယ်ချင်းတွေဖြစ်လို့ Uniမှာ စာသင်နှစ်တစ်နှစ်ထဲအတူတူ သင်ယူနေမည်ဖြစ်သည်။ Jung young oppaနဲ့ ပထမဆုံးစတွေ့ပြီး သိခဲ့တာက Appaရဲ့ စျာပနပွဲနေ့မှာပါ ။ Oppaက သူ့ညီမလေး ဆုံးသွားတာ တစ်လပြည့်မို့ လာတွေ့ သည့်နေ့ဖြစ်သည်။ Ommaက ကျွန်မကို တားမရသည့်အဆုံး စိတ်ဆိုးပြီး Appa ရဲ့မြေအုတ်ဂူရေှ့တွင်ထားခဲ့ပြီး အိမ်သို့ပြန်သွားခဲ့သည်။ အဲ့နေ့က ကျွန်မအငို လွန်ပြီး သတိလစ်သွားခဲ့သည်ကို oppaကမြင်တော့ ဆေးရုံသို့ ခေါ်သွားပေးခဲ့သည်။ Oppaက ညီမတစ်ယောက်ဆုံးရွုံးလိုက်ရပြီး ကျွန်မက Appaကို ဆုံးရွုံးခဲ့ရသည်။ အဲ့အချိန်တုန်းက ကျွန်မ အလယ်တန်းတတိယနှစ်ကျောင်းသူလေးဘဲရိှသေးသည်။Oppaက အထက်တန်းတတိယနှစ် ကျောင်းသားတစ်ယောက်...။ Oppaက ကျွန်မကို ညီမလေးအရင်းတစ်ယောက်လို သဘောထားပြီး ငယ်ငယ်ထဲက ကျွန်မလိုအပ်သမျှ အကူအညီအားလုံးကို မတောင်းဆိုဘဲနှင့်တောင် အမြဲကူညီပေးလေ့ရိှသည်။

YOU ARE READING
Fanfictionနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...