ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၂၈ )Mina's POV
တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် နှုတ်ဆက်ဖို့ ( အခြေအနေမပေးတဲ့အခါ ) မဖြစ်နိုင်တော့တဲ့အခါ ကျောခိုင်းပြီး လှည့်ထွက်သွားနိုင်သူသာလျှင် ပိုပြီးရင့်ကျက်သူလို့ဆိုရမလား..။ ဒါမှမဟုတ် ထိုနေရာမှာဘဲ ရပ်ပြီးကျန်ရစ်ခဲ့သူသာလျှင် ပိုပြီးရင့်ကျက်တဲ့သူလား..။ နှုတ်ဆက်ခြင်းမှာ မျက်ရည်တွေသာမရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ..။ သူမ ကျွန်မအတွက်ကြောင့်နဲ့ မျက်ရည်ကျစရာမလိုတော့ဘူး..။ တစ်ချို့တစ်ချို့သော နှုတ်ဆက်ခြင်းတွေမှာ အပြုံးတွေဟာ မျက်စိကျိန်းလောက်အောင် အရောင်တောက်ပလွန်းတယ် .. ။ တစ်ချိန်က ကျွန်မအတွက် တောက်ပလွန်းတဲ့ သူမအပြုံးတွေဟာ အဲ့ဒိလိုဘဲ ဘေကကြည့်နေသူတွေအဖို့ မျက်စိကျိန်းစေတယ်..။ ရော်ရွက်ဝါတွေက ကျွန်မရဲ့ ဝမ်းနည်းခြင်းတွေနဲ့အပြိုင်ကြွေတယ်..။ ဆောင်းလေအေးတွေကတော့ သူမနဲ့အပြိုင် ကျွန်မရှိရာ ပတ်ဝန်းကျင်တိုင်းမှာ ဝေ့ဝဲတိုက်ခက်လို့..။ နာကျင်မှုတစိုးတစနဲ့ ကုတင်အထက်ထိုင်ရင်း ပြတင်းတံခါးအပြင်ကိုငေးကြည့်မိတယ် အတောင်မညောင်းနိုင်သေးတဲ့ ငှက်ငယ်တွေပျံသန်းနေခြင်းနဲ့အတူ ဖုန်းသံတောင် ကျွန်မ မကြားနိုင်ခဲ့ဘူး..။
အဘက်ဘက်ကထိုးနှက်နေတဲ့ နာကျင်မှုဒဏ်တွေ တောင့်မခံနိုင်တော့တဲ့အဆုံး ကျွန်မကိုယ်ခန္ဓာက အားအင်းတွေလျော့နည်းလို့လာတယ်..။ ခြေလှမ်းတွေတိုင်းဟာလည်း လှမ်းဖို့ခက်ခဲလာတယ်..။ ကြွေရွက်တွေလို နောက်ဆုံး ကြမ်းပြင်အထက် ကျွန်မရဲ့ ဦးခေါင်းထိကပ်သွားတာ ကျွန်မ မသိနိုင်တော့..။ ဘာကိုမှ မမြင်နိုင်တော့လောက်အောင် အမှောင်ထုကြီးက ကျွန်မရဲ့ အမြင်အာရုံကို လွှမ်းမိုးလို့ ထားလျှက်..။
BẠN ĐANG ĐỌC
ချစ်တယ် ဆိုတာထက် ပိုတယ်
Fanfictionနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...