ချစ်တယ် ဆိုတာထက် ပိုတယ် ( ၃၁)

698 41 65
                                        

ချစ်တယ် ဆိုတာထက် ပိုတယ်
🌷အပိုင်း ( ၃၁)

နေ့သစ်တစ်ခုရဲ့ နံနက်ဦးအစ၌ ရွှန်းလဲ့လဲ့ မျက်နက်ဝန်းတစ်စုံက သူမအရှေ့မှာ နှစ်ခြိုက်စွာ အိပ်မောကျနေသေးသည့် မိန်းကလေးတစ်ယောက်၏ မျက်နှာ၌ တည်ရှိနေသည်..။ မှေးစက်ထားတဲ့မျက်ဝန်းရယ် ပန်းနုရောင်နှုတ်ခမ်းပါးလွှာလွှာလေးရယ် ပါးပြင်မို့မို့လေးရယ် မျက်ခုံးခပ်ပါးပါးလေးတွေကို တစ်ခုချင်းလိုက်ကြည့်ရင်း သူမနှုတ်ခမ်းလေး တွန့်ချိုးသွားသည်အထိ Mi နှစ်သက်စွာပြုံးလိုက်သည်..။

" ကလေးဘဲရှိသေးတဲ့ Moကို Miဘာလို့ ချစ်ခဲ့မိတာပါလိမ့်..unnieကြောင့် Moနာကျင်ခဲ့ရတယ်ဆိုရင် Unnieတောင်းပန်ပါတယ်.."

" Unnie.."

စကားအဆုံးမှာ ဖွင့်လာတဲ့ Mo မျက်လုံးတွေ .. အပေါ်ကို ပင့်တတ်သွားတဲ့ Mi ရဲ့ ညာဘက်မျက်ခုံး.. ပြုံးနေတဲ့ နှုတ်ခမ်းဟာ မူလပကတိအတိုင်း ရပ်တန့်သွားပြီး ပြူးကြောင်ကြောင်လေးကြည့်နေသည့် Mi အား Mo ပြုံးပြလိုက်သည်..။

" Unnie.. တစ်ခါးမှတောင် ခေါ်ဖို့မစဉ်းစားမိတဲ့ နာမ်စားတစ်ခုဘဲ.. unnie..unnie..unnie .. မဆိုးပါဘူး ခေါ်လို့တော့ကောင်းသားဘဲ.."

" မခေါ်နဲ့ အဲ့လိုကြီး.."

" ဘာလို့လဲ ခေါ်လို့ကောင်းပါတယ် .. unnie.. နားထောင်လို့လဲ ကောင်းတာဘဲလေ.."

" မကြိုက်ဘူး.. မခေါ်နဲ့.."

ဆူပုတ်ပုတ်နဲ့ သူမကို ကြည့်နေသည့် ချစ်ရသူအား သူမ အူယားစွာ မရှိတဲ့ ပါးဖောင်းဖောင်းလေးကို ဖိညှစ်လိုက်၏..။

... ... ... ... ... ... ... ... ... ... ... ...

Mrs. Park အတွက် အမူးပြေဟင်းချိုချက်နေရင်း မနေ့ညက အကြောင်းအရာအချို့ကို Sa ပြန်စဉ်းစားနေမိသည်..။

Flashback......

အရက်မူးပြီး အိပ်ပျော်နေသည့် Mrs. Park ကို ပွေ့ချီပြီး ခြံထဲသို့ဝင်လာသည့် Mr. Park.အနောက်ကပါလာတဲ့ driverအား Mr. Park လှည့်ကြည့်လိုက်သည်..။

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​Место, где живут истории. Откройте их для себя