ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၁၄ )" ပြီးတော့ နင်က တစ်ခြားသူတွေထပ် ဆွဲဆောင်မှုရှိတယ် "
Mi တစ်ယောက် ထိုစကားကိုတော့ Mo ရဲ့နှုတ်ခမ်း လေးကိုကြည့်ရင်းပြောလိုက်ခြင်းဖြစ်သည်။
" ထင်လို့ပါ .. ငါက လူတွေအာရုံစိုက်တာ ခံရမယ့် အလုပ်ဆို အတတ်နိုင်ဆုံး ဝေးဝေးကရှောင်တယ် .. အဲ့အတွက် နင့်ကိုတော့ ငါကူညီပေးနိုင်မယ်မထင်ဘူး "
" ရပါတယ် ..နင်အဆင်မပြေဘူးဆို ငါဘက်ကလည်း အတင်းတောင်းမဆိုပါဘူး .. "
" အဲ့အတွက် ငါ့ဘက်ကလဲ တောင်းပန်ပါတယ် စိတ်မကောင်းပါဘူး .. "
.. .. .... ... ... ... .. .. ..
Mi အကခန်းထဲကနေ နေ့လည်ပိုင်း စာသင်ချိန်တစ်ချိန်အပြီးလောက်မှ အတန်းရှိရာ ဆီသို့ ပြန်လာခဲ့ သည်။ မထင်မှတ်ဘဲ လမ်း၌ သူမတို့ရဲ့ စီနီယာဖြစ် ပြီး အစ်ကိုအရင်းတစ်ယောက်လို ခင်ရသည့် Jung youngကို တွေ့လိုက်ရသဖြင့် အနောက်နေ အော်ခေါ်ရင်း အနားသို့ မပြေးယုံတစ်မယ် လမ်းအမြန်လျှောက်လာခဲ့သည်။
" Jung young oppa .. " ( shout )
" အော် .. Mi အတန်းမတတ်ဘူးလား "
" Nae.. "
" မျက်နှာလဲမကောင်းပါလား ဘာဖြစ်လို့လဲ "
" ဘားမှမဖြစ်ပါဘူး .. စိတ်ညစ်စရာလေးအနည်းငယ် ရှိနေလို့ပါ "
သူမရဲ့လက်ချောင်းလေးတေနဲ့ အနည်းငယ်ဆိုံယုံလောက် အနေအထားကို လုပ်ပြ၍ မတင်မချ အပြုံးလေးဖြင့်ပြောလိုက်သည်။ ထိုတော့ Jung young က သူမရဲ့ ဆံနွယ်လေးတွေကို အနည်းငယ်ဖွလိုက် သည်။
" အကူညီလိုရင် oppa ကိုပြောနော် "
" Nae.. oppa "
YOU ARE READING
ချစ်တယ် ဆိုတာထက် ပိုတယ်
Fanfictionနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...