ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​ ( ၇ )

750 51 2
                                    

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်
🌷 အပိုင်း ( ၇ )

" ဘာလို့ .. ဒီလိုအကြည့်​​လေးတစ်​ချက်​က .. ငါ့ရင်​ထဲက တည်​ငြိမ်​​နေတဲ့ နှလုံးသား​လေးကို လှုပ်​ခါလာ​အောင်​ ပြုလုပ်​နိုင်​ရတာလဲ.. "

ကျွန်​မကို ကြည့်​​နေတဲ့ သူမရဲ့ မျက်​ဝန်း​တေကို ကြည့်​ရင်း ကျွန်​မတစ်​​ယောက်​ထဲ ကိုယ့်​ကိုယ်​ကို ပြန်​​မေး​နေမိသည်​ ။ သူမက​တော့ ထို​မေးခွန်းကို ကြားမည်​မထင်​ပါ။

" ဒီမှာ .. အဆင်​​ပြေရဲ့လား .. "

" ​အော်​..​အော်​ ဟုတ်​ကဲ့ .. အဆင်​​ပြေပါတယ်​. "

" အွန်​.... "

" အွန်​ .. " တစ်​လုံးသာ ဆို​ပြီး ကျွန်​မလက်​​မောင်းသား​လေး​တွေကို ကိုင်​ထားတဲ့ သူမလက်​​လေးကို လွှတ်​လိုက်​သည်​။ သူမ ကျွန်​မအနားက​နေထွက်​သွားမည်​ လုပ်​​တော့ ကျွန်​မ သူမ အ​ပေါ် အင်္ကျီစ​လေးကို လှမ်းဆွဲလိုက်​မိသည်​။ သူမ ​ခြေလှမ်း​တွေ ရပ်​တန့်​သွားပြီး​နောက်​ ကျွန်​မကို " ဘာဖြစ်​လို့လဲ " ဆိုသည့်​ အကြည့်​နှင့်​ ကြည့်​လာသည်​။

" ထ.. ထီး..ထီး​​လေးပြန်​​ပေးချင်​လို့ ခဏ​လောက်​ ​စောင့်​​ပေးပါ​လား.. "

" ထီး..! "

" ခဏ​လေးပါ .. ခဏ​လေး​စောင့်​​ပေး​နော်​ .. "

ကျွန်​မ​ခြေ​လေး​ထော့နဲ့​ထော့နဲ့ နဲ့အ​ဆောင်​ထဲကိုပြန်​ဝင်​လာခဲ့သည်​။ ကျွန်​မ အိတ်​ထဲက ပန်းနု​ရောင်​ထီး ​လေးကို ယူပြီးအ​နောက်​ကိုပြန်​လှည့်​​တော့ သူမဘယ်​အချိန်​ထဲက ကျွန်​မအ​နောက်​တွင်​ ​ရောက်​​နေသည်​မသိ။ သူမ မျက်​လုံး​တွေက ကျွန်​မဆီမှာ ရှိမ​နေ​သော်​လည်း သူမကိုယ်​​လေးက​တော့ ကျွန်​မနဲ့ နီးကပ်​စွာရှိ​နေ​လေသည်​။ ကျွန်​မအ​နောက်​ကို ​ခြေလှမ်းအနည်းငယ်​ ဆုတ်​လို့ရသမျှဆုတ်​လိုက်​ပြီး ​နောက်

" ​အဲ့​နေ့က ထီး​လေးငှါး​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​​နော်​ .. "

" အွန်​.. "

ကျွန်​မလက်​ထဲက ထီးကိုသူမ ယူလိုက်​ပြီး​နောက်​ အခန်းထဲက​နေ သူမထွက်​သွားခဲ့သည်​။ ​သူမက ကျွန်​မထင်​ထားသည်​ထက်​ ပို၍​အေးစက်​လွန်းသည်​။ သူမဝယ်​လာ​ပေးတဲ့ ​ဆေးအိတ်​ထဲက spray ဘူး​လေးကို ကျွန်​မလှုပ်​ခါလိုက်​ပြီး နာ​နေတဲ့​ခြေ​ထောက်​​လေးကို ခုံ​ပေါ်တင်​လိုက်​ပြီး​နောက်​ လက်​မ​လေးကို အားထည့်​ကာ အ​ပေါ်က​နေဖိချမည်​အလုပ်​ ကျွန်​မ မျက်​ဝန်းအ​ရှေ့ကို ​ခြေ​ထောက်​တစ်​စုံလာရပ်​သည်​။ ကျွန်​မပြုံးလိုက်​မိသည်​။ သူမ​ခြေ​ထောက်​​လေးဆိုတာကျွန်​မသိ​နေသည်​​လေ။ မျက်​နှာကို အနည်းငယ်​ပြန်​တည်​လိုက်​ပြီး​နောက်​ ကျွန်​မ သူမကို ​မော့ကြည့်​လိုက်​သည်​။

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​Opowieści tętniące życiem. Odkryj je teraz