ချစ်တယ် ဆိုတာထက် ပိုတယ် ( ၃၄ )

391 38 22
                                    

ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၃၄ )

မနက်အစောပိုင်း flightနဲ့ဘဲ သူမတို့ သားမိသုံးယောက် Busanသို့ရောက်လာခဲ့ကြသည် ။ Busanမှာရှိတဲ့ သူမတို့အိမ်ကိုရောက်ရောက်ချင်းဘဲ Sana သူမ Busanရောက်လျှင် အမြဲစားနေကျ ရေခဲမုန့်ဆိုင်လေးသို့ ရောက်လာခဲ့ပြီး ရေခဲမုန့်အချို့ဝယ်ကာ အိမ်သို့ ပြန်လာသည့် လမ်း၌

📱▶▶▶

" ငါ Busanရောက်နေတာ .."

" ဘယ်သူနဲ့ သွားတာလဲ .."

" Ommaနဲ့ Ji ရောပါတယ် .."

" နောက်တစ်ခါဆို ငါ့ကိုပြောသွားပါ . . နင်ကျောင်းမလာတော့ နေများမကောင်းလို့လားဆိုပြီး စိတ်ပူနေရတာ.. "

" ငါနေကောင်းပါတယ် . . ဒါနဲ့ ဆရာမဝင်သေးဘူးလား.. "

" အွန်း .."

" ပြန်လာရင် လိမ္မော်သီး ဝယ်ခဲ့ပေးမယ် .."

" လိမ္မော်သီးဘဲလား .."

" အွန်း လိမ္မော်သီးဘဲ .."

ထိုစကားကြောင့်တော့ တစ်ဖက်က သူငယ်ချင်းဖြစ်သူလေးဟာ နှုတ်ခမ်းကြီးဆူနေပြီဖြစ်ကြောင်း သူမ မမြင်ရသော်လည်း သိသည်။ ခပ်ပြုံးပြုံးဖြစ်နေတဲ့ သူမနှုတ်ခမ်းကွေးကွေးလေးတွေဟာ သူမ အရှေ့က ရိပ်ခနဲမြင်တွေ့လိုက်ရသည့် ရင်းနှီးနေတဲ့ ကျောပြင်တစ်ခုကြောင့်တော့ တစ်တန်းထဲပြန်ဖြစ်သွားသည် ။

" ဦးလေး Im? .."

" ဘာပြောလိုက်တာလဲ Sa.. "

" ဘားမှ မ မဟုတ်ပါဘူး.. ဒါဘဲလေနော် ငါဖုန်းချလိုက်တော့မယ် .."

" အွန်းပါ.. "

T.📱


... ... ... ... ... ... ... ... ... ... ... ... ...

" Saဘယ်ပျောက်သွားတာလဲ Ji .."

" Unnie မုန့်သွားဝယ်တာထင်တယ် omma .."

" ခရီးပန်းလာတာကို ဒီကလေးကတော့ .."

" Unnieက ဒီလိုဘဲ Busanရောက်ရင် ရေခဲမုန့်အရင်စားရမှလေ.. မဟုတ်ရင် Jiကို ဂျစ်တိုက်လို့ပြီးမှာ မဟုတ်ဘူး .."

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​Donde viven las historias. Descúbrelo ahora