ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၉ )" ဘာလို့လဲ "
"စတွေ့ကတည်းက သဘောကျနေမိခဲ့တာမို့လေ "
" .... "
" စိမ့်စမ်းရေတွေလို ကြည်လင်ပြီး အေးမြတဲ့ နင့်ရဲ့ မျက်လုံးသူငယ်အိမ်လေးကို ငါအရမ်းသဘော ကျတယ် "
*" သူမသိသေးဘူးဘဲ .. သူဝင်တိုက်လိုက်တဲ့ မိန်းကလေးက ငါဆိုတာ "*
ကျွန်မအရှေ့ကနေ လက်ကမ်းစာစောင်လေးကိုဖြန့် ကြည့်ရင်း သူမထိုနေရာလေးကနေထွက်သွားသည်။ အနောက်ကနေဘဲ သူမသွားနေသည့် နေရာတွေနောက်ကို တိတ်ဆိတ်စွာဘဲ ကျွန်မလိုက်လာခဲ့သည်။ မှူးကြီးမတ်ရာတွေအပြည့်ဘုရင့်ခြေတော်ရင်း၌ ခစားရသည့် ညီလာခံရာ ခမ်းမအဆောင်ကိုရောက်လာတော့ သူမခြေလှမ်းတို့ရပ်တန့်သွားသည်။ သူမအရှေ့က ပုလ္လင်ကိုကြည့်ရင်း
" အိမ်ပြန်သင့်ပြီထင်တယ်"
"ဟန်"
" မကြာခင်မှောင်လာတော့မှာလေ "
" အော် အွန် "
" ဒီနေ့အတွက် ကျေးဇူးတင်ပါတယ် "
" ရပါတယ် "
ကားနားပြန်ရောက်လာတဲ့အထိ ကျွန်မ သူမဆီက စကားတစ်ခွန်းကို အရမ်းကြားချင်နေခဲ့သည်။ သို့ပင်မဲ့ သူမဆီက ထိုစကားသည် လားလားမှ ထွက်မလား။ ကားခါးပတ်ကိုသာ သေချာပတ်ရင်း စတီယာရင်ဘီးကိုကိုင်ကာ ကားစက်နှိုး၍ ဂီယာပြောင်းကို ရှေ့နောက်ရွေ့လျားစေလိုက်သည်။ နောက်သို့ 60°လောက်ကိုယ်စောင်းလိုက်ပြီး ကားကိုတွေ့လိုက်သည်။ လမ်းမပေါ်အတိုင်းကား ကိုမောင်းနှင်လာခဲ့သည်။ အမှောင်ထုလွလွလေးနှင့်အတူ လမ်းမီးရောင်တို့က မှိန်ပျပျ ။ သူမက ကျွန်မ ကြားချင်သောစကားကို ပြောမလာတော့လဲ မေးရတော့မည်။
" ဘယ်ကိုလိုက်ပို့ပေးရမလဲ "
" ဟန်.. "
BẠN ĐANG ĐỌC
ချစ်တယ် ဆိုတာထက် ပိုတယ်
Fanfictionနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...