ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၁၅ )" ငါအဆင်ပြေပါတယ် ... နင်အဲ့လိုမျိုးတွေ မလုပ်နိုင်ဘူးမဟုတ်လား ငါ့ကြောင့်. "
" လုပ်နိုင်တယ်် ... နင့်အတွက်ဆိိုု ဘာဖြစ်ဖြစ် ဘယ်လိုအရာမဆို ငါလုပ်နိုင်တယ်် "
သူမစကားကို အဆုံးထိပြောခွင့်မပေးဘဲ ဖြတ်ပြောလိုက်သည့် Mo စကားကြောင့် သူမ Mo ကိုကြည့်လိုက်မိသည်။ တစ်ချိန်ထဲမှာဘဲ သူမမျက်နှာပေါ်သို့ လေရူးလေးဖြတ်ပြေးသွားသည်။
"ငါ စိတ်ချမ်းသာအောင် ပြောပေးတဲ့အတွက် ကျေးဇူးပါဘဲ "
" ငါတစ်ကယ်ပြောနေတာ "
" ကျောင်းတက်တော့မယ် ငါတို့သွားရအောင် "
" တစ်ကယ်..တစ်ကယ်ပါဆို .. ငါတစ်ကယ်ပြော နေတာပါ "
" အွန်းပါ .. သွားရအောင် "
" မသွားဘူး "
Mi ကတော့ထရပ်လိုက်ပြီးသွားဖို့ပြောပေမယ့် Mo ကတော့ထမလာဘဲ ထိုင်နေမြဲထိုင်နေသည်။
Mina's POV
ဘာလဲ အခု သူမ ကျွန်မကို စိတ်ကောက်နေတာလား ။ ကလေးကျနေတာဘဲ ထိုင်နေတဲ့ ပုံစံလေးကအစ ကျုံ့ကျုံ့လေး မသိရင် ကျွန်မကဘဲ သူမကို အော်ငေါက်လိုက်သလို ။
" တစ်ကယ်မသွားဘူးလား "
ကျွန်မသူမအနားက နေခြေနှစ်လှမ်းအကွာလောက် လျေှာက်လာခဲ့ပြီး အနောက်သို့လှည့်ကာ သူမကိုမေးတော့မှ သူမထရပ်လာသည်။ ခေါင်းငုတ်ထားရင်းက မျက်လုံးလေးပင့်ကာ သူမ ကျွန်မကို ကြည့်လာသည်။
" ငါ ပြောတာကို တစ်ကယ်မယုံဘူးလား "
" ယုံပါတယ် .. နင့်အတွက် ခက်ခဲစေတဲ့အရာ တစ်ခုဆို အဲ့ဒိအရာကို ငါဘယ်တော့မှ မလုပ်ပါဘူး "
" အခုလုပ်နေတယ်လေ နင်ငါ့စကားကို မယုံကြည်တာ က ငါ့အတွက်အရမ်းခက်ခဲတဲ့အရာတစ်ခုဘဲ နင်ငါ့ကိုမယုံဘူး ယုံကြည်မပေးနိုင်ဘူးမဟုတ်လား "
YOU ARE READING
Fanfictionနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...