ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​ ( ၁၀ )

737 51 8
                                    

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်
🌷 အပိုင်း ( ၁၀ )

" ... ... အဲ့စကားကို ငါ့ဘက်​က လိုလိုလားလားနဲ့ ကြားချင်​​နေခဲ့တယ်​ ဆိုရင်​​ရော "

Mina's POV

အခု ကျွန်​မနှလုံးသား​လေး ထိန်းမရ​အောင်​တဒိတ်​ဒိတ်​နဲ့​ခုန်​​နေတယ်​ ဘယ်​လိုထိန်းချုပ်​ရမလဲ ကျွန်​မလဲ မသိ​တော့ဘူး ။ သူမနဲ့​အကြည့်​ချင်းဆုံလိုက်​မိတိုင်း အသိဥာဏ်​​တေ ဘယ်​​ရောက်​သွားမှန်းကိုမသိ ​ပြောသင့်​တဲ့စကားလား မ​ပြောသင့်​တဲ့စကားလား ဆိုတာလဲ ကျွန်​မ မသိ​တော့ဘူး ။ ဒါဟာ အချစ်​ဆိုတဲ့ ​ခေါင်းစဉ်​​အောက်​က နိဒါန်းလား စာကိုလား နိဂုံးလား ။ တဖြည်းဖြည်းနဲ့ ​အေးခဲ​နေတဲ့ ကျွန်​မ ရဲ့ နှလုံးသားလေးက အရည်​​ပျော်​လာသလိုဘဲ ခံစား​နေရတယ်​။ ဒါကို အချစ်​လို့​ခေါ်တာလား ။ အချစ်​ဆို တာ ဘယ်​လိုအရာမျိုးလဲ ။

" သွား​တော့မယ်​​နော်​ အခမ်းအနားစ​တော့မှာမို့ "

" ​အော်​.. .. အွန်​ "

Mi ထွက်​သွားပြီး​နောက်​ Mo ထို​နေရာ​လေးမှာ ​ခြေတစ်​လှမ်းမှမ​ရွေ့ဘဲ တစ်​နာရီ​လောက်​ကြာသည်​အထိ ရပ်​​နေခဲ့သည်​။ ... ... ...ထို့​နောက်​ သူမ အိမ်​ကိုပြန်​လာခဲ့သည်​။

" သူက ဘယ်​လို မိန်းက​လေးမျိုးလဲ "

... ... ... ... ... ... ... ... ... ...

" Unnie ဒီတစ်​ပတ်​ပိတ်​ရက်​ အိမ်​ကိုလာမှာမလား"

" အွန်​.. JiကAppaကိုသွား​တွေ့လိုက်​​နော်​ "

" ဟုတ်​ကဲ့.. Mina unnie ဒီ​နေ့အရမ်းလှတယ်​ Jiပြန်​​တော့မယ်​​နော်​ "

" အွန်​.. ကားကိုရရုစိုက်​​မောင်း​နော်​ "

" ဟုတ်​ကဲ့ ... Jiကိုခွင့်​ပြုပါအုံး "

နှုတ်​ဆက်​ပြီး ထွက်​သွားတဲ့ Ji ကိုကြည့်​ရင်း

" ငါလဲပြန်​​တော့မယ်​ နင်​လဲနားလိုက်​​တော့ "

" အွန်​ မနက်​ဖြန်​မှ ​တွေ့ကျတာ​ပေါ့ "

Sa ထွက်​သွား​တော့ Mi ​​ ​ကျောင်း ​နောက်​က ​တောင်​ကုန်း​လေး​ပေါ်​ရောက်​လာခဲ့သည်​။ အရိပ်​ ​ကောင်းသည့်​ သစ်​ပင်​ကြီး​အောက်​တွင်​ ထိုင်​လိုက်​ပြီး အပြာ​ရောင်​ ​ကောင်းကင်​ပြင်​ကြီးမှ တိမ်​လွှာဖြူု ဖြူ တိမ်​တိုက်​တို့ကို ​မော့ကြည့်​လိုက်​သည်​။

ချစ်​တယ်​ ဆိုတာထက်​ ပိုတယ်​Where stories live. Discover now