ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၃၅ )" Unnie ထတော့ . . မျက်နှာသစ် . . နံနက်စာစားရအောင်. . "
" ဟွန်း. . Unnie အိပ်ချင်သေးတယ် Jiရဲ့. . နည်းနည်းလောက် ထပ်အိပ်လို့မရဘူးလား..?"
Jihyo လိုက်ကာတွေကို ဆွဲဖွင့်လိုက်လို့ ဝင်လာတဲ့ အလင်းရောင်စူးစူးကြောင့်တော့ မိှတ်ထားဆဲ Sana မျက်ဝန်းတွေဟာ ပိုကျုံ့သွားသည် ..။ ကိုယ်ပေါ်ကစောင်ကို ခေါင်းအထိဆွဲခြုံလိုက်ပြီး ဆက်အိပ်နေသေးတဲ့ Sana ကြောင့်တော့ Jihyo သဘောမကျသလို ကြည့်ကာ. . . . . . .
" မရဘူး ထတော့. . "
" နည်းနည်းလေး . . နည်းနည်းလေးဘဲလေနော်. . "
အိပ်ချင်မူးတူးအသံတွေဆိုတာလေ ဘာလို့ နားထောင်မိသူတိုင်း ချစ်စရာကောင်းတယ်လို့ ထင်ရသည်မသိ. . ။ အင်တင်တင် အစ်တစ်တစ် ဝူးဝူးဝါးဝါး စကားသံတွေက သိပ်နားထောင်လို့ကောင်းတာ. .။
" အောက်မှာ ထမင်းစားဖို့ Omma စောင့်နေတယ် Unnie ရဲ့. . "
ထိုတော့မှ ခေါင်းအထိဆွဲခြုံထားတဲ့ စောင်ကို ဖြည်းဖြည်းချင်း မျက်ဝန်းတွေအောက်သို့ ဆွဲချလာသည့် Sana. .။ ဖွင့်ချင်ပုံမရသေးတဲ့ မျက်ဝန်းငယ်ဟာ မဖွင့်ချင်ဖွင့်ချင်နဲ့ ဖွင့်လာခဲ့သည်. .။
" Omma နိုးနေပြီလား..? "
" အွန် . . ထတော့. ."
... ... ... ... ... ... ... ... ... ... ...
" Omma ဆေးရုံမသွားသေးဘူးလား. .? "
Mina နံနက်စာစားဖို့ ဆင်းလာတော့ မထင်မှတ်ဘဲ ဧည့်ခန်းထဲမှာ Mrs. Myoui ကို တွေ့လိုက်ရ၍ မေးလိုက်ခြင်းဖြစ်သည်. .။
" 8:00 လောက်မှ သွားမလို့ . . ထမင်းစားတော့မှာလား. . ? "
" ဟုတ်ကဲ့ Omma . . "
... ... ... ... ... ... ... ... ... ... ...
Sanaတို့ သားမိသုံးယောက် နံနက်စာစားနေတုန်း လူခေါ်ခေါင်းလောင်းသံမြည်လာခဲ့သည်မို့ Jihyo တံခါးဖွင့်ပေးလိုက်တော့ အိမ်ထဲကို ဝင်လာသူတွေက Mr. Park နဲ့ Mr. Im ဖြစ်သည်. . ။ ထင်မှတ်မထားတဲ့ ဧည့်သည်မို့ Jihyo အ့ံသြနေမိသည်. .။
YOU ARE READING
Fanfictionနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...