ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၁၆ )" အမဲနံရိုးစွပ်ပြုတ်ဆိုင်သွားကျတာပေါ့ ဒီတစ်ခါ "
... ... ... ... ...
" အရသာရိှရိှသုံးဆောင်ပါ "
" Nae .. "
" ပုံစံက ကြည့်ရတာ စပ်မဲ့ပုံဘဲ "
" Moကအစပ်မစားဘူးလား "
" ဟင် ... စားတာတော့ စားပါတယ် "
" အရမ်းမစပ်ပါဘူး ငရုပ်သီးကအရောင်လှအောင် အပွသီးလေါက်ဘဲသုံးထားတါပါ "
" အသားက နူးရောနူးရဲ့လား "
" နူးမနူးသိချင်ရင် တူနဲ့ဖဲ့ကြည့် .. "
Mina's POV
ဆိုင်ထဲ စဝင်လာတည်းက သူမကိုသတိထားပြီး ကြည့်နေမိတယ် သူမသဘောကျပုံမပေါ်ဘူး .. ။ ဆိုင်က ဝန်ထမ်းကောင်မလေး အမဲနံရိုးစွပ်ပြုတ်လာ ချပေးထဲက စွပ်ပြုတ်ပန်းကန်ကိုဘဲ ကြည့်နေတာ ကျွန်မတောင်မနာလိုဖြစ်မိတယ်.. ။ သူမကြည့်ရတာ အစားသောက် ဂျီးများပုံရမယ်ထင်တယ် .. ။ အမဲနံရိုးမှာ ကပ်နေတဲ့ အသားစတို့ကို တို့တိတို့တိနဲ့ စားမဲ့အရေးလုပ်နေလိုက်တာ ကျွန်မပန်းကန်ထဲတောင် တစ်ဝက်ကျိုးသွားပြီး သူမကတော့ အခုမှ စစားဖို့ပြင်ဆဲရိှသေးတယ်.. ။ သူမ ညင်ညင်သာသာဘဲ ဝါးနေပေမယ့် သူမအရသာတွေ့ပုံမရ ။
" စားမကောင်းလို့လား .. ဒီဆိုင်က အမဲနံရိုးစွပ်ပြုတ်က နာမည်ကြီးဘဲ "
Momo's POV
သူမက အမဲနံရိုးစားရအောင်ပြောလာပေမယ့် ကျွန်မမငြင်းမ်ိ..။ အမှန်က ကျွန်မ အမဲသားကို မစားရဲပါ ။ သူမကတော့ မြိန်ရေရှက်ရေ စားနေပေမယ့် အခုချိန်ထိ ကျွန်မကတော့ တို့တိတို့တိသာ လုပ်နေဆဲ ..။ မစားရဲသည်မို့ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ အင်တင်တင်လုပ်နေတုန်း သူမက ကျွန်မနာမည်ကို ခေါ်လာပြန်သည်။ ထူးစမ်းတာက သူမ ကျွန်မ နာမည် ခေါ်လိုက်သည့် အချိန်တိုင်း ရင်ဖိုသလို ခံစားရသည်။ ဗိုက်ကလဲဆာနေတာမို့ ကျွန်မ အနည်းငယ် အသားစကိုဖဲ့ကာ ဝါးလိုက်သည်။ အရသာက နူးည့ံမွုရိှပြီး မွွေးပျံ့သည့် ဟင်းခတ်အမွွေးအကြိုင် တစ်ခုရဲ့အရသာကိုခံစားမိသည်။ သုံးသပ်ချက်ပေးယုံသာပေးပြီး ကျွန်မဆက်စားဖို့ကို ဝန်လေးနေမိသည်။ စားနေကျအရသာမဟုတ်သည့့်အတွက် ကျွန်မမကြိုက်.. ။ သူမက ကျွန်မကိုမေးလာတော့ သူမကိုအားနာတာနဲ့ ခေါင်းသာညိတ်ပြပြီး အတင်းကျိတ်မိှတ်ကာ ထပ်စားလိုက်သည်။ ဒီလိုနဲ့ ကျွန်မတို့စားလို့ပြီးသွားတော့ ထိုဆိုင်ထဲကနေထွက်လာခဲ့သည်။ မကြာပါဘူး ဆိုင်နဲ့ခပ်လှမ်းလှမ်းလဲရောက်ရော စားထားသမျှ အကုန်အန်ပါလေရော .. ။ " ဝေါ့ .. " ကိုယ့်အကြောင်းကိုယ်သိ၍ ထိုဆိုင််မှရေတစ်ဗူးဝယ်လာခဲ့သည်။ ဆိုင်က လမ်းကျဉ်းလေးထဲမှာတည်ရိှတာမို့ ကားလမ်းနဲ့တော့အနည်းငယ်ဝေးသည်။ ရိုးရာဆိုင်လေး ပီပီ ရေှးယခင်ကအတိုင်း ရိုရာအိမ်လေးကဲ့သို့ စောက်ထားသည်။
YOU ARE READING
Fanfictionနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...