Snow Hninn... သို့
**************ဆွတ်ဆွတ်ဖြူတဲ့
အလင်းတစ်ချို့ကို
သူမ စွဲကိုင်ပြီး..
ကဗျာ၊ကဗျာလို့
သွေးကဆာလောင်နေသလိုမျိုး ..
ခံစားချက်တွေနဲ့ ကဗျာတွေယှက်ဖောက်
အရောင်စုံ ရူခင်းတွေနောက်
မလိုက်ဘဲ တည်ကြည်စွာနဲ့
ကဗျာတွေကို အုတ်မြစ်ချ
သူမကြုံဆုံရ ဘဝ
ခံစားမူနောက် ရေလိုက်မလွဲ
ရင့်ကျက်ခြင်း အုတ်တံတိုင်းတွေပဲ
အထပ်ထပ်ကာရံလို့
မြစ်တစ်စင်းထဲကနေ
ပင်လယ်ဆီရောက်ဖို့
သူမ ကဗျာတွေကို မျှောခဲ့တယ်။ကဗျာတွေထဲမှာပေါ့..
တစ်ခါတစ်လေတော့
သူမက ဥသြတစ်ကောင်..
တစ်ခါတစ်လေတော့
ဘဝဆီက လွတ်မြောက်ထွက်ဖို့
ကြိုးစားနေတဲ့ အလင်းရောင်...။တစ်ခါတစ်လေတော့..
သူမက အိမ်လွမ်းသူ
တစ်ခါတစ်လေတော့
ဘဝကို သရော်သူ
တစ်ခါတစ်လေတော့...
သူမက အဲဒီတစ်ခါတစ်လေတွေနဲ့ပဲပေါ့
ကြယ်တွေဆီကို ရောက်အောင်
ပြေးလမ်းဖောက်
လမ်းတစ်လျှောတ်
ကဗျာတွေနဲ့ အလှဆင်လေသူ။သူမရဲ့ ကဗျာပန်းတွေ
ကြယ်တွေလို လင်းစေတော့
မညီညာတဲ့ လောကဓံတရားထဲမှာပေါ့
အားမာန်သစ်တွေကိုလည်း ဖြစ်စေပေါ့
အမှန်တရားပျောက်ရှနေတဲ့
ခေတ်ကြီးထဲမှာ
အမှားတရားကိုလည်း
ရှောင်ဖယ်ခွာစေပေါ့
စိတ်အလိုလိုက်သူများအတွက်
ဥပမာကောင်းများစွာနဲ့
လောကကြီးကိုလည်း
အလင်းပြနိုင်စေတော့
ပြီးတော့..
သူမရဲ့ကဗျာတွေထဲမှာပေါ့
သူမ ပျော်ရွှင်နိုင်ပါစေတော့....။July5.2018
Minsetwai