၁၉။
တိမ်ဖြူ
မနေ့ကအရိပ်ပဲဖြစ်ဖြစ်
လက်ရှိရဲ့အရိပ်ပဲဖြစ်ဖြစ်
မနက်ဖြန်ရဲ့အရိပ်ပဲဖြစ်ဖြစ်
အလွမ်းရိပ်ရဲ့လွှမ်းမိုးမှုက
စက္ကန့်တိုင်းရူးသွပ်မတက်ပဲလေ
ဒီအရိပ်တွေကို ပဲ
ရူးရူးမူးမူးစွဲလန်းတယ်တဲ့လေ
နင်ကခေါက်ချေလုံးပစ်ထားတဲ့
အတိတ်တခုလုံး
ငါသိမ်းထားမိနေဆဲဆိုရင်ကော
နင်အံ့ဩနေမလား?
လူတွေပြောပြောနေတဲ့
အချစ်ရူး ဆိုတာ
ငါ့နှလုံးသားကိုညွှန်းတာလေ
ပြန်ဆုံဖို့မဖြစ်နိုင်တာ လူတွေအသိ
နင်လည်းအသိ
ငါလည်းအသိ
ခက်တာက
ငါ့နှလုံးသားပဲ
ဒဏ်ရာတွေကြားကနေတောင်
နင့်ကိုမေ့မရဘူးတဲ့လေ တိမ်ဖြူ
ဒါဟာဝဋ်တခုလိုပဲတဲ့
ငါ့ကိုဝိုင်းပြောနေကြတာတောင်
ငါ့ချစ်ခြင်းတွေကို
နင့်ကိုချစ်နေရတဲ့ငါ့နှလုံးသားကို
ငါ့ကိုယ်ငါတော့
ဝဋ်လို့မဆိုဝံ့ဘူးကွယ်
ဒီရင်ကြွေပျက်သုဉ်းပါစေတော့
ဖြူစင်တဲ့ချစ်ခြင်းရဲ့ရှင်သန်နေမှုကို
ငါမရပ်တန့်ဝံ့ဘူးလေ
ဖြစ်တည်လာရခြင်းတွေ သူ့အတိုင်းပဲရှိပါစေတော့။(၂၂ ဩဂုတ် ၂၀၁၈)