ဆန့်ကျင်ဘက်လားရာမှ တိမ်တိုက်နှစ်စင်း

98 12 5
                                    

ဆန့်ကျင်ဘက်လားရာမှ တိမ်တိုက်နှစ်စင်း
__________________________________

ကျွန်တော်...အရမ်းလွမ်းတယ်ဗျာ
ဘာကိုမှန်း မသိတာခဲ့တာတောင်
ကျွန်တော် လွမ်းနေဖြစ်တယ်....။

ခင်ဗျား...ဒီနေရာမှာ...ရှိမနေခြင်းဟာ

ကျွန်တော်အတွတ်တော့
နွားခြေရာခွက်ထဲက ဖားသူငယ်လို
သောင်ပြင်မှာ လမ်းပျောက်နေတဲ့..ဟိုတိရိစ္စာန်လို
သိမ်ငယ်စိတ် ကသိကအောင့်နဲ့
အခက်အခဲတွေအကြောင်း ဝေဖန်ဆန်းစစ်မူမဲ့ရင်း
မုန်တိုင်းထန်နေတယ် ထင်မိတယ်။

ခင်ဗျား...သိလား..

ကျွန်တော်တို့ရဲ့ ကဗျာမှတ်တိုင်ဖြစ်ဖူးတဲ့
နှစ်ရောင်စပ်ထားတဲ့ကောင်းကင်ကို
ကျွန်တော် လွမ်းတယ်

မင်္ဂလာပါလို့ နူတ်ခွန်းဆက်လေ့ရှိပြီး သူစိမ်းတရံမဆန်
မာနမထားတတ်တဲ့ ကဗျာရေးသူတစ်ယောက်ကို
ကျွန်တော် လွမ်းတယ်

ခင်ဗျားနဲ့အတူကျော်ဖြတ်လာခဲ့တဲ့
သမိုင်းတစ်ခုမှာ ဘယ်သူမှမသိတောင်
စိတ်ခွန်အားနဲ့ ကဗျာတွေရေးဖြစ်ခဲ့တာကို
ကျွန်တော်လွမ်းတယ်...

စိတ်ပါမှ စကားပြန်ပြောတတ်ပေမယ့် လူတစ်ယောက်ရဲ့အခက်အခဲကို စိတ်ပါဟန်ပါ နားထောင်အကြံပေးတတ်တဲ့
ခင်ဗျားရဲ့အကျင့်လေးကိုလည်း လွမ်းပါတယ်..

ပြီးတော့..ကဗျာတစ်ချို့ကို ရှမ်းသံဝဲဝဲနဲ့ ရွတ်တဲ့
ခင်ဗျားရဲ့အသံ.....

နောက်ဆုံး..
ခင်ဗျားဆွဲပေးမယ့်..ပုံတူလေးတောင် စိတ်မှန်းနဲ့ ကျွန်တော်လွမ်းနေမိခဲ့သေးတယ်။

ခင်ဗျား..ဒီမှာမရှိတာဟာ
စိတ်အားငယ်သူအဖို့..
ဆက်ပြေးဖို့.. ခွန်းအားလျော့နည်းစေခဲ့ ....။

ကျွန်တော်က သူရဲဘောကြောင်ကောင်ဖြစ်နေတောင်
ခင်ဗျားကို အိမ်လွမ်းစိတ်ထဲ မနစ်မွန်းဖို့ ဖေးမခဲ့မိပြန်သေးတာလည်း တစ်ခါတစ်ခါတော့လည်း ရှိသေးရဲ့....။

အဲဒါအမှန်မဟုတ်တော့ဘူးလား။

အခုက
စိတ်အားငယ်ခြင်းနဲ့အတူ သံချေးတတ်လာတာ
ကျွန်တော်ရဲ့ ဘေးဘီဝဲယာကနေ
ကျွန်တော်ရဲ့ အနတ်ရှိုင်းဆုံး စိတ်အလွှာတွေထိ
မိတ်ဆွေမဲ့ စိတ်ဝေဒနာဆန်ဆန်နဲ့
ဘဝကို စိတ်နာကျည်းနေမိပြန်ပါတယ်။

ဒါပေမယ့်... ဘာအကြောင်းကြောင့်မှပါပဲပေါ့...

ကျွန်တော်ကကျွန်တော်
ခင်ဗျားကခင်ဗျားလေ...
ရယ်စရာ..ကောင်းနေတာလေးက တစ်ခုပဲ
တစ်စုံတစ်ခုကို
ကျွန်တော်လွမ်းနေတယ်ဆိုတာမျိုးတွေနဲ့...။

Dec3.2016
Minsetwai
Update
July 16,2019

SNOW HNINNWhere stories live. Discover now