သူမဖတ်ဖို့-၅

45 5 2
                                    

သူမဖတ်ဖို့

(၅)

နှင်းရေ...
လောကမှာ ကိုယ့်အပေါ် ဂရုစိုက်တဲ့သူတွေ ရှိနေခြင်းဟာ ကောင်းမြတ်တဲ့ မင်္ဂလာတစ်ပါးပါပဲ

တစ်ခါတစ်လေ သူတို့ရဲ့ ဂရုစိုက်မူကနေတစ်ဆင့် စိတ်ကြည်နူးရခြင်း၊ တဒင်္ဂလောကရဲ့ အခက်အခဲတွေကို မေ့လျောသွားရခြင်းတွေကို ခံစားရရှိနိုင်ပါတယ် နှင်းရေ....။

ဒါပေမယ့် ဒီလောကကြီးဟာ အစိုးမရဘူးတဲ့။ နေဝင်နေထွက်တောင် ပုံမှန်မှမရှိတာပါ နှင်းရေ...။

ဒါက ကျွန်တော်ထင်မိတာလေ။ တစ်ခါတစ်လေတော့လည်း လူတစ်ချို့ ကို ကျွန်တော်ကိုယ်တိုင် နှစ်နှစ်ကာကာ ယုံပေးခဲ့ဖူးပါတယ်။ အဲဒီ ယုံကြည်ပေးမူမှ ဘာအစွန်းအထင်းမှ မပါပါဘူးဗျ။

အဲဒီလို ယုံကြည်ပေးလိုက်ခြင်းအားဖြင့် ကျွန်တော်စိတ် ငြိမ်းချမ်းရာရတယ်လို့ပဲ ကျွန်တော်လက်ခံထားလိုက်တယ်။ မဟုတ်ဘူးလား နှင်းရေ..သူတို့ကို မယုံကြည်သမျှ ကာလပတ်လုံး ကိုယ့်စိတ်ဟာ တစ်သက်လုံး ဆောက်တည်ရာရမှာ မဟုတ်ဘူးလေ။ ဒီတော့ ဘာဖြစ်သွားသလဲ သိလား။ သူတို့ကို ယုံကြည်ပေးမူအပေါ်မှာ သူတို့က ပြန်မယုံကြည်ဖြစ်လာကြတယ်လေ။ ခက်တယ်နော်...။

နှင်းရေ..

လူအကုန်လုံးကိုမဆိုလိုပေမယ့် လူတစ်ချို့တွေမှာ ဖောက်လွှဲဖောက်ပြန်ရောဂါတွေရှိနေတာကို ကျွန်တော်မြင်တွေ့ဖူးပါတယ်။
တစ်ချို့တွေက သူတို့ရမှ ကောင်းတယ်ထင်ကြတယ် နှင်းရေ..။
သူတို့အလိုကို မလိုက်တစ်ခါ ရှိခဲ့ရင်လည်း ဒီလူမကောင်းဘူးလို့ လက်ညိုးထိုးတတ်ကြပြန်တယ် ။
ခက်တယ်။
ခက်တယ်။
လူတွေဟာ ခက်တယ်နော်။

ကျွန်တော်တို့တွေလည်း ခက်နေတာပါပဲ နှင်းရေ..။

လူရဲ့မူရင်းစိတ်ကိုက အသေအချာ ဖမ်းဆုတ်ပြဖို့ ခက်နေတာနော်။
တကယ်တမ်း စစ်စစ်ပေါ်က်ပေါ်က်တွေးကြည့်တယ်
လူတွေဟာ ဘာလုပ်ချင်ကြတာလဲ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါနှင်းရေ....
လောကရဲ့ အကောင်းဆုံးသီအိုရီတစ်ခုကတော့
ကိုယ် ဝါသနာပါရာ အလုပ်တစ်ခုပေါ်မှာ
အာရုံစူးစိုက်ပြီး လောကရဲ့ အခက်အခဲတိုင်းကို
ကိုယ့် ဝါသနာနဲ့ တွန်းလှန်ကျော်ဖြတ်ရတာက
အကောင်းဆုံး အခြေအနေလို့ ယူဆမိပါတယ် နှင်းရေ.....

နှင်းရော လူနဲ့ယုံကြည်မူကို ဘယ်လိုမြင်ပါသလဲ. ။

အကောင်းဆုံးက လူအားလုံးကို ယုံပေးလိုက်တာ ကောင်းတာပဲမို့လား။ ကျွန်တော် ဆိုလိုတဲ့ ယုံကြည်ပေးလိုက်တယ်ဆိုတာက မျတ်ကွယ်ပြုမူ တစ်မျိုးပါ။ တစ်စုံတစ်ယောက်ဟာ ကိုယ့်ကို လှည့်စားနေပါလျှက် ၊ ကိုယ်ရှေ့ရောက်တဲ့အခါ သစ္စာရှိပါတယ်လို့ ပြောနေရင် ယုံကြည်ပေးလိုက်တယ်။ ဘာလို့ယုံကြည်လဲ မေးရင် အဖြေမရှိပါဘူး။ ကိုယ့်စိတ်ကို အလုပ်မပေးချင်တော့လို့ ယုံကြည်တယ်လို့ ပြောလိုက်တာမျိုးပဲ။ အဲဒီအပေါ်မှာ မှန်လား၊မှားလား ပြန်မဆန်းစစ်ဘူး။ သူပြုသောကံက ၊ သူ့ထံပြန်မှာပဲမှတ်လား နှင်းရေ....။

ဒီတော့...
နှင်းတစ်ယောက်လည်း...
စိတ်ငြိမ်းချမ်းမူရှိပါစေ ခင်ဗျ....။

July22.18
Minsetwai

SNOW HNINNWhere stories live. Discover now