၁၂။
တိမ်ဖြူ......
အလွမ်းတွေ ခပ်ရဲရဲ ပွင့်ဝေခဲ့ပြီးနောက်
ငါ ဘာကိုများထပ်မျော်လင့်ပြရဦးမလဲ
ပြီးတော့..
ငါ့မျော်လင့်ခြင်းမှာလည်း နင်အနာတရနဲ့ ဖျားလိမ့်မယ်....။တိမ်ဖြူ.......
ငါ့ကိုယ်ငါ သံကြိုးခတ်ပြီးနောက်
ငါဘာလို့နောက်ထပ်ရှင်သန်ရမလဲ
ပြီးတော့..
ငါ့ရှင်သန်ခြင်းမှာလည်း
နင့်အိပ်မက်တွေ ပျောက်ရှမယ်...။ငါ..ပြောတော့ပြောပြချင်ခဲ့တာပေါ့
နင့်နဲ့မျတ်နှာချင်းဆိုင် ထိုင်ခဲ့တဲ့နေ့တွေမှာ
ငါ့ရင်ခုန်သံတွေကို ငါညာလို့
အသံတိတ်အချစ်စကားတွေနဲ့
နင့်အပါး ခဏတာ ခစားရင်း
ခြေအစုံက မိုးထိမြင့်ခဲ့ရတဲ့ကောင်ပါလို့..လေ။နင်မသိဘူးလား တိမ်ဖြူ....ရယ်
ဟန်ဆောင်ထားရတဲ့ ငါ့မျတ်ဝန်းထဲမှာ
နင့်ရဲ့ ရယ်သံကလေးတွေ တန်းစီနေခဲ့တယ်...
ဒါကို..
နင် မကြည့်ဖြစ်ခဲ့ဘူးလား
ဟန်ဆောင်မျတ်ဝန်းပြတင်းမှာ
ဝေဒနာတွေ အထွေးလိုက်၊ အထွေးလိုက်နဲ့..
ကြင်နာခြင်းတရားတွေ ပေါ်က်ကွဲထွက်ကုန်တော့မယ်...
ဒါပေမယ့် တိမ်ဖြူ...
နင့် လွတ်လပ်နေခြင်းကို
ငါ့အစဉ် တန်ဖိုးထားတယ်
အချစ်နဲ့
ငါချုပ်နှောင်လိုက်သလို ဖြစ်မှာကိုလည်း ငါရှက်ရွံသိမ်ငယ်တယ်
ဒါပေမယ့်...တစ်ခုတော့ရှိတယ်..
နင့်ကိုငါချစ်တယ်....
(တိတ်တိတ်ကလေးပါပဲ....)။
Aug5.18