၂၁။
တိမ်ဖြူ
တကိုယ်စာအခန်းလေးက
နွေရင်ခွင်လိုပေါ့
နွေရင်ခွင်ပွန်းပဲ့မှုရဲ့နာကျင်မှုမှာ
ကြင်နာမိုးသားအရိပ်တွေ
ပျောက်ဆုံးနေဆဲလေ
နွေဟာနွေလိုပူပြင်းဖို့က
သူ့ဝှက်ဖဲလို့ဆိုမလား
သူ့မှောက်ဖဲလို့ပဲဆိုမလား
ဝှက်သည်ဖြစ်စေမှောက်သည့်ဖြစ်စေ
မမြင်ရတဲ့ကံကြမ္မာမှာ
ဝေးကြလေသတည်းဆိုတဲ့
ဖဲချပ်ပဲရှိနေတော့မှာပါအင်းပေါ့
ဝေးကြလေသတည်းပေါ့
ရှိခဲ့ဖူးတဲ့နင့်အရိပ်တွေကို
တဖက်သတ်လွမ်းနေဆွေးနေရရုံလေးတော့
အတ္တကြီးပါရစေဦးပေါ့ကွယ်
နင်ကတော့ ငါ့အတ္တနဲ့ပတ်သတ်ပြီး
ရူးနေလားဆိုပြီးတွေးနေမလားပဲ
ဆက်ရူးပါရစေဦး တိမ်ဖြူ
ညင်ညင်သာသာလေးနဲ့
ပတ်သက်သမျှ အနားသတ်တွေ
အကုန်ပြန်လှည့်မကြည့်တော့တဲ့
နင့်နှလုံးသားမာကျောမှန်း
သိပ်သိတာပေါ့
နှုတ်ဆက်ကြခြင်းမှာ
နင်မငိုတော့ဘူးလေနော်
တလှမ်းချင်း တလှမ်းချင်း
ထွက်ခွာသွားလိုက်ပုံများ
ဝေးသွားလိုက်ကြပုံများ
တကမ္ဘာစီလိုပါပဲ
တကယ်တော့ ငါတို့ကြားမှာ
အလွမ်းနဲ့ခြားတဲ့နံရံတွေ
မိုင်ထောင်ချီများစွာ
(အလွမ်းခြားနံရံဆိုတာ
ငါ့အဖြစ်ကိုယ်ငါပြောတာပါ)
တိမ်ဆိုတာခြားစရာနံရံမှမရှိတာ
နင်ကတိမ်ဖြူပဲလေ တိမ်တွေလိုပဲပေါ့
သံယောဇဉ် မှမချည်နှောင်တတ်ကြတာပဲလေ
တခါတလေ ငါလေ
ရောက်ရာအရပ်ကတိမ်တွေကို
ငေးကြည့်မိတယ်
ငါ့အတွက်အလွမ်းများ
ချိတ်ထားမလားလို့ပေါ့
အရိပ်အယောင်တောင်မမြင်ရပါဘူး
ပုံစံတွေပြောင်းပြောင်းနေတာများ
တိမ်တွေတိမ်တွေ
တခါတလေ
ကိုယ်ရောင်တောင်ဖျောက်တတ်သေးဒါပေမယ့်လေ...တိမ်ဖြူ...
ငါလေနင့်ကိုမေ့မရဘူး
နင်မသိနိုင်ပေမယ့်
သတိရမိတိုင်း
တိမ်တွေကိုငေးကြည့်ရင်း
သတိရကြောင်းတွေ အရူးတယောက်လို
တိမ်တွေမှာလိုက်ချိတ်နေမိတယ်
တိမ်ဖြူရယ်...
(တိမ်ဆိုတာပြောင်းပြောင်းတတ်ဆိုတာကို
မေ့လျော့ပြီးတော့ပေါ့လေ)....။၂၆ ဩဂုတ် ၂၀၁၈