တိမ်ဖြူသို့နောက်ဆုံးလွမ်းခန်း-၎

21 3 2
                                    


(၄)

ဒါပေမယ့် ထွက်သွားခြင်းထဲမှာ
ငါတွေးတယ်
အဲဒီလိုအချိန်မှာ
မင်းအလွမ်းတွေ ရေတံခွန်လို့
စီးဆင်းကျနေမလားလို့.....
အကယ်၍ ဖြစ် ခဲ့ရင်ပေါ့
မိုးတိမ်တွေလို့ပဲ
တစ်ခါတစ်ရံတော့ငိုလိုက်ပါ
ကျေးဌက်လေးတွေလိုပဲ
တစ်ခါတစ်ရံမှာ တေးသီလိုက်ပါ
ဟိုးအဝေးက လတစ်စင်းလိုပဲ
တစ်ခါတစ်လေမှ လွမ်းငွေ့ဝေပါ..
တကယ်က..
ဥသြတစ်ကောင်လည်း
ထာဝစဉ် မလွမ်းဘူး
ပင်လယ်တစ်စင်းဟာလည်း
ထာဝစဉ် လှိုင်းမထန်ဘူး
ပန်းပွင့်တွေတိုင်းဟာလည်း
ထာဝစဉ်မပွင့်လန်းနိုင်ခဲ့ဘူးလေ
ခဏတာ မေတ္တာယိုဖိတ်မူလိုပဲ
မင်း.......
ခံယူထားလိုက် /မင်းသဘောထားလိုက်
ငါ့အရိပ်တွေ မင်းအနားက
ကင်းဝေးသွားလိမ့်မယ်
တိမ်ဖြူ...ရယ်
ငါလည်း ပုထုဇဉ်ပဲလေ
အချစ်ကို ပိုင်ဆိုင်ချင်တာပေါ့
ငါလိုလားနေသမျှကာလပတ်လုံး
မင်းအတွက်
အန္တရာယ်တွေ "ခ" မယ်ဆိုတာလည်း
ငါသိထားတာပေါ့....
ဒါပေမယ့် ဒါဟာ
အဝေးက
အလွမ်းပဲ
ဖြစ်သင့်/ဖြစ်ထိုက် /ဖြစ်တော့မှာမို့
ငါ မရှိတော့ဘူးလို့သာ
နင် သတ်မှတ်နေရင်း
မနက်ဖြန်မှာ
တိမ်တွေ ဖြူစင်နေတာ
မော့ကြည်ဖြစ်အောင်
မော့ကြည့်လိုက်ပါတော့လေ။
July24.18

SNOW HNINNWhere stories live. Discover now