၁၁။
တိမ်ဖြူ...
ရင်နဲ့ရင်းတဲ့အသိတွေနဲ့
နာကျင်မှုတွေကြားမှာ အသက်ရှင်နေရတာ
နှလုံးသားခံစားမှုကင်းကင်းနဲ့လူလို ...
မဟုတ်ဘူး!
စက်ရုပ်တရုပ်လို ပဲ ...
နင်မပါတဲ့ရှေ့ဆက်ပြက္ခဒိန်တွေမှာ
နှလုံးမဲ့ရှင်သန်မှု တွေနဲ့ ..
(ရယ်တော့ရယ်စရာကောင်းသား...)
နင့်အလိုကျ
ကိုယ်တိုင်မြှုပ်နှံခဲ့တဲ့နှလုံးသားက
တခါတခါ လွမ်းနေမိသတဲ့ လေ ...
လောကကြီးကလှည့်စားမှုတွေနဲ့မာယာတောများလားပဲ
အခါခါနာကျင်နေရသူကိုမှ အလွမ်းရိပ်ဝေသတဲ့
ပြန်လှည့်မကြည့်တတ်တော့တဲ့ ကျောပြင်တခုထံကနေ
ကြားတတ်ရတဲ့ရယ်သံလေးတွေကြားတိုင်း
သူပျော်နေပါလားဆိုတဲ့အသိနဲ့ ကျေနပ်မိနေသတဲ့
တကယ်ဆို
ဒီနှလုံးသားက အခါခါနာကျင်ရလွန်းလို့
နာကျင်ရကောင်းမှန်းမသိအောင်ပါပဲလေ
ဟုတ်ပါတယ်
တိမ်ဖြူရေ ...
ကျေးဇူးပြုပြီး
ဒီတိမ်တိုက်တွေ ခဏခဏ မပြိုကွဲပြနဲ့နော်
တိမ်ငွေနားကွပ်လေးနဲ့ပဲ
ဟိုးအမြင့်ထက်မှာပဲ အစွမ်းကုန်လှလှပပလေးနေပေးပါ
တခုခုကြောင့်နာကျင်ရတယ်ဆိုလည်း
အကြာကြီး အုံမှိုင်းမနေပါနဲ့
ဒီမြေပြင် က ငါ့ရင်ခွင်ဆီမှာပဲ
အားပါးတရရင်ဖွင့်လိုက်ပါ
လောကကြီးက မာယာရပ်ဝန်းဆိုတာ
လက်ခံထားလိုက်ပေါ့ တိမ်ဖြူရယ် ... ။(၁ သြဂုတ် ၂၀၁၈)