သူမဖတ်ဖို့ -၆

32 2 4
                                    

သူမဖတ်ဖို့

(၆)

နှင်းရေ...
အချစ်တဲ့..
အဲဒီစကားလုံး
ကျွန်တော် ခဏ၊ ခဏတော့ တွေးကြည့်ပါတယ်။

ဒီအချစ်က ရယူပိုင်ဆိုင်လိုစိတ် ရှိနေတာလည်း မကောင်းဘူး။
ပေးဆပ်ချင်နေတာလည်း မကောင်းဘူး။

ဒါဆို ဘယ် အရာက ကောင်းတာလဲ။
ဟင့်အင်း...ကျွန်တော်တော့ ဘယ်အရာကိုမှ တရားသေ ဖမ်းဆုတ်မထားချင်ဘူး။

အချစ်..သူ့ဟာသူနေပါစေ။
ပိုင်ဆိုင်ခွင့်ရရင် ပိုင်ဆိုင်လိုက်မယ်။
ပေးဆပ်နေရမယ်ဆိုရင်လည်း
ပေးဆပ်နေလိုက်မယ်။
ကျွန်တော်ကတော့ ဘာတစ်ခုမှ ကြိုးစားအားမထုတ်ချင်ဘူး။

ဘာလို့လဲ...။

ပေးဆပ်ချင်လို့ပဲ အားထုတ်ထုတ်
ရယူချင်လို့ပဲ အားထုတ်ထုတ်
အဲဒီထဲမှာ ပါသွားမယ့် 
အာဃာတတစ်ခုဟာ
ကျွန်တော်ချစ်တဲ့သူအပေါ်မှာ
ထိခိုက်သွားမှာ စိုးတယ်။
ဒါကြောင့်လည်း ကျွန်တော်တို့လို
ကဗျာရေးတဲ့သူတွေကို
နားမလည်နိုင်ကြတာလည်း များတယ်။

ဒါဟာ အရမ်းစိတ်ကူးယဉ်ဆန်တာလို့
ပြောချင်လည်း ပြောကြပေါ့ဗျာ။

ဒါပေမယ့် ကိုယ်ချစ်တဲ့သူအပေါ်မှာ
မနစ်နာစေလိုတာက အမှန်ဗျ။

လူက ကိုယ့်အကြောင်း
ကိုယ်သိကြတာပဲလေ။
ဒီတော့ တကယ်က
ကျွန်တော်တို့ဟာ ဆန္ဒရှိမယ်ဆို
ဘုရားမှာ အချစ်နဲ့မတွေ့ဖို့ နေ့စဉ်ကို
ဆုတောင်းနေသင့်ပါတော့တယ်။

July24.18
Minsetwai

SNOW HNINNWhere stories live. Discover now