တိမ်ဖြူသို့နောက်ဆုံးလွမ်းခန်း-၁၅

12 2 0
                                    

၁၅။

တိမ်ဖြူ...
Enterခေါက်ထားပြီးသလိုပဲ
ဘယ်အရာမှပြန်ဆုတ်လို့မရဘူး
ငါတို့လည်းအတူတူပဲ
မလွမ်းချင်တော့လို့
မတွေးချင်တော့လို့ဆိုပြီး
မဆုံခဲ့ကြဖို့အစကို
ပြန်သွားလို့မှမရတာ
(ဘ၀တွေကဒီအဖြစ်အပျက်တွေကို
တိုက်စားသွားမှာပဲ
မေ့နိုင်အောင်သာကြိုးစားပါ) တဲ့

နင်ပြောခဲ့တဲ့စကားလုံးတချို့ပေါ့
ကြယ်တွေကိုနင်ဝှက်ထားချင်ထားလို့ရမယ်
ကြယ်တွေကိုဝှက်ထားတဲ့
တိမ်တွေဆိုတာ
ငါ့အလွမ်းဒိုင်ယာရီပဲလေ
သတိရတိုင်းမော့ကြည့်မိတာ
ငါလွမ်းတဲ့တိမ်ဖြူကိုပေါ့
မေ့ပစ်ရမယ်ဆိုတာကို
မမေ့နိုင်ဘဲ
မှတ်မှတ်ရရရှိနေဆဲဆိုတာကို
အဲဒီတိမ်တွေကိုငေးရင်း
ရင်ဖွင့်ပြောဆိုမိတဲ့
အလွမ်းဒိုင်ယာရီပါပဲလေ
တိမ်ဖြူရယ်...။

(၉ ဩဂုတ် ၂၀၁၈)

SNOW HNINNWhere stories live. Discover now