၂၂။အခုငါလား တိမ်တွေကို
ငေးကြည့်နေတုန်းပါပဲ တိမ်ဖြူ
သက္ကရာဇ်တစ်ခုထဲ ငါကျန်နေရစ်လည်း
အဆင်ပြေနေဆဲပါပဲ တိမ်ဖြူ...
ဒီကမ္ဘာထဲ နင်ရှိနေဆဲ
အတွေးတစ်ခုနဲ့
ငါ နေသာထိုင်သာ
ရှိချင်ယောင်ဆောင်ဆဲပဲ တိမ်ဖြူတစ်ယောက်ထဲ ကျန်ရစ်တဲ့ငါ့ကမ္ဘာ
ဂရုစိုက်ပေးမယ့်သူ ဝေးတဲ့ ငါ့ကမ္ဘာ
ကော်ဖီတစ်ခွက် မရှိခဲ့ဘူး
သီချင်းတစ်ပုဒ်မရှိခဲ့ဘူး
ငါ့ချရေးတဲ့ကဗျာတစ်ပုဒ်ထဲ
ဘာတွေ့ဆုံခွင့်မှ မပါခဲ့ဘူး...။တိမ်တွေတောင်
မိုးရွာတိုင်း ပြိုလဲပျတ်စီး
ငါ့အခန်း၏ပြတင်းထိ
မိုးတွေဟာ ဝင်ရောက်
ခလောက်ဆန်၏
တစ်ယောက်တည်း
ကြမ်းပြင်ပေါ်ပြိုလဲသူမှာ
နာမည်တစ်ခုသာ တီးတိုးရွတ်ဆိုမိ....။တိမ်ဖြူရယ်......
ငါဟာကွယ်......
နင်စေရာ အရပ်မှာ
နာဖျားခြင်းနဲ့
အလွမ်းတွေ
ချဉ်ခြင်းတပ်ခဲ့တယ်။
Aug31.18