(၂)
ငါက ပင်လယ်ကမ်းစပ်တစ်ခုကနေ
မိုးတိမ်သားတစ်ချို့ကို လှမ်းမျော်ကြည့်နေခဲ့တာပါ တိမ်ဖြူ
ငါ့စိတ်က
ဟော့..
ဟိုးက လာတဲ့ လှိုင်းလုံး လေးလို
တစ်ခုခုကို လာရောက်တို့ထိဖို့ ကြိုးစားနေတယ်
ဒါပေမယ့် သဲ တွေပဲ ရှိပါရဲ့
နင့်အမည်နာမလေးကွယ်
သဲတွေနဲ့အတူ လှိုင်းလေးထဲ
မျောပါစီးဆင်းသွားတယ်..
ငါ ဖမ်းဆုတ်ထားချင်လိုက်တာ
တိမ်ဖြူရယ်...
ဒီအတ္တတရား....ရယ်
ဒီချစ်ခြင်းတရား...ရယ်
မမြဲခြင်း..နိယာမရယ်
ပင်လယ်ရဲ့ မိုးလေဝသဆန်ဆန်နဲ့
လူသားရဲ့အတွေးလှိုင်းကို
ပုံဖော်ဆန္ဒပြုနေကြတော့တယ်
ငါ ထွက်သွားပါတော့မယ် တိမ်ဖြူရယ်။July23.18