သူမဖတ်ဖို့
(၂)
နှင်း...
ဒါမှမဟုတ်...
မိနှင်းကဗျာ..ဒုက္ခဆိုတာ လူတွေဆီက
ရတဲ့အခါလည်းရှိပါရဲ့..ဒါကြောင့်လည်း
တာရာမင်းဝေက ဆိုသတဲ့
ကိုယ်တိုင်တော့ အစွန်းမရောက်အောင်
နေတတ်ပါရဲ့...ဒါပေမယ့်..
လူတွေရဲ့အစွန်းနဲ့ မထိမိအောင်တော့
မနေတတ်သေး..ဟုတ်ပါရဲ့...မိနှင်းကဗျာ
လူတွေရဲ့ အစွန်းက
လာလာရိုက်ခပ်တဲ့အခါ
ဘဝနာရတာ..မတန်ဘူးမှတ်လားဒီလိုဆို..
လူတွေရဲ့အစွန်းနဲ့ ကင်းအောင်နေတာက
ဘဝနေနည်းတစ်ခုပဲဆို
လက်ခံပါရဲ့လား မိကဗျာ....(အစွန်းတွေ ကင်းအောင်နေကြေးဗျာ)။
July16.18
Minsetwai