ကျွန်တော်ဘဝမှာပေါ့
အကြိမ်အခါမရေတွက်နိုင်လောက်အောင်ကို
စိတ်ဓာတ်ကျပြီး စာတွေ ၊ ကဗျာတွေ မရေးတော့ဘူးလို့
ဆုံးဖြတ်ချက်ချခဲ့ဖူးပါတယ်။အဲဒီလို ဆိုက်ကိုဝင်နေချိန်မျိုးတွေမှာ ကံကောင်းထောက်မစွာနဲ့ မနှင်းနဲ့ စကားပြောဆိုမိခဲ့ပြီဆိုရင် သူက
အမြဲအားပေးဖြောင့်ဖျပေးတတ်တယ်။မနှင်းက တကယ် မိတ်ဆွေကောင်းပီသပါတယ်။
ဒါကြောင့်လည်း မနှင်းနဲ့ကျွန်တော်
ကဗျာသူငယ်ချင်းတွေအဖြစ် ယနေ့တိုင်အောင် ခင်မင်နေကြဆဲ ဖြစ်ပါတယ်။ဟိုလွန်ခဲ့တဲ့သုံးလေးနှစ်ကျော်လောက်ကပေါ့၊
ကျွန်တော်တို့မှာ ကိုယ်ပိုင်တည်ဆောက်ထားတဲ့ google blog siteလေးတွေ ရှိခဲ့ကြပါတယ်။
ယနေ့ချိန်ထိ မနှင်းမှာ အဲဒီ သူ့ကိုယ်ပိုင် web blog page ရှိနေဆဲလား၊ မရှိဘူးလား မပြောတတ်ပေမယ့်
ကျွန်တော် web pageကတော့ ကျွန်တော်ကိုယ်တိုင်
ပြန်ဝင်မရဖြစ်နေလေရဲ့။အဲဒီ blog pageတွေ ခေတ်စားချိန်ကဆိုတော့
အတော်ကြာပြီပေါ့လေ။အဲဒီတည်းက ကျွန်တော်သတ်ပုံတွေမှားတာကို
သူက လုံးဝအားမနာစတမ်း အောက်က ကော်မန့်မှာ ရေရေလည်လည်ကို ဝင်ထောက်ပြတတ်တာ။ကျွန်တော်ကလည်း ကျွန်တော်ပဲ အသက်သာ ၃၀ကပ်လာတယ်။ ခုထိ သတ်ပုံ မမှန်ဘူးရယ်။ အဲ..ကျွန်တော်ကလည်း ဘယ်ရမလဲလေ။
ကျွန်တော်မျတ်စိထဲ အချိုးမပြေတဲ့ ကဗျာမျိုး
တွေ့ပြီဆိုရင် သူ့ကို လုံးဝရေးချင်စိတ် ကုန်ဆုံးသွားလောက်အောင်ကို အားရပါးရ ပြန်ဝေဖန်ခဲ့တာပါ။ဒါပေမယ့် စိတ်မဆိုးဘူးဗျ။
အခုထိကို သူ ကဗျာရေးနေဆဲပဲလေ။
ဒီလိုနဲ့ပဲဗျာ...ကျွန်တော်က သူနဲ့ပေါ်င်းပြီး ကဗျာစာအုပ်ပုံစံလေးရေးချင်လို့ ကဗျာတွေရွေးပေးပါလို့ တောင်းဆိုလိုက်ရတယ်။အဲဒီအချိန် က ကျွန်တော် ဒီWPကို ခြေရာခံမိနေပြီဗျ။ ဒါပေမယ့် ကျွန်တော်fri10ယောက်လောက်မှာ မြန်မာတစ်ယောက်မှ ရှိသေးဘူးရယ်။
ဘဝင်တောင်မြင့်မိသေးတယ်။
ဒီဝက်ဆိုဒ်ကို ငါအရင်ဆုံးတွေ့တာမဟုတ်ပေမယ့် ဒီဆိုဒ်မှာ ကဗျာတွေစရေးတဲသူတော့ ဖြစ်ပြီဆိုတာမျိုးပေါ့လေ။
နောက်တော့လည်း ဘယ်ဟုတ်ပါ့မလဲ။ ကိုယ်တောင်အများကြီးနောက်ကျနေကြောင်းသိမှ ရှက်ရတော့တယ်။
အင်း ..ဒီလိုနဲ့ပဲပေါ့ဗျာ..၊ ကဗျာစာအုပ်ကို နှစ်ရောင်စပ်ထားတဲ့ကောင်းကင်လို့ နာမည်ပေးလိုက်တယ်။အဲဒီစာအုပ်မှာပေါ့..ကျွန်တော်ဆရာကြီးအထာနဲ့ အမှာစာရေးလိုက်တာက
"နှစ်ရောင်စပ်ထားတဲ့ကောင်းကင်လို့ နာမည်ပေးထားပြီး ထပ်စပ်လာမယ့်ကောင်းကင်တွေကိုလည်း မျှော်လင့်လျှက်ရှိပါတယ်။ ဘာညာပေါ့လေ။ "တကယ် ဟုတ်တယ်ဗျ။
နောက်ထပ် လေးယောက်ပေါ်င်းရေးဖြစ်ခဲ့ကြပြန်တယ်။ မင်းသုဝေ(စိန်ပန်းမြေ)ရယ်၊ ဝိုင်းဝိုင်း၊ ကျွန်တော်၊ မနှင်းပေါ့လေ။ နာမည်ကိုတော့ လေးရောင်စပ်ထားတဲ့ကောင်းကင်လို့မပေးဖြစ်ပါဘူး။
စတုဂံလွင်ပြင်လို့ပဲ ပေးဖြစ်တယ်။
မနှင်းရဲ့စိတ်ကူးပဲ ဆိုပါတော့။
စတုဂံလွင်ပြင်ကို ကျွန်တော်ကြိုက်တယ်ဗျ။ ဒီစာအုပ်ထဲက ကဗျာပုံစံလေးတွေဟာ လတ်ဆတ်တယ်လို့ ခံစားမိတယ်။ ဒီနောက်ပိုင်းမှာတော့ ကဗျာစာအုပ်တွေ ထပ်မလုပ်ဖြစ်တော့ပါဘူး။ ဘာဖြစ်လာလဲဆိုတော့ ကဗျာရေးချင်စိတ် ၊ စာရေးချင်စိတ် ကုန်ခမ်းတဲ့အခါ ပြန်လည် ရေးချင်စိတ်ပေါ်လာအောင်လို့ ကဗျာရှည်တွေ တစ်ယောက်တစ်ပိုဒ်ရေးဖြစ်သွားတယ်။ အတူရေးပြီဆိုတော့ မရေးလို့မရတော့ဘူးလေ။ သူ့ဘက်က တစ်ပိုဒ်ရေးပြီးနေပြီဆိုတော့ အဲဒီတစ်ပိုဒ်ကို ခြေရာခံပြီး ကျွန်တော်က ဆက်ရေးရတော့မှာကို။
အင်း..အခုကတော့ အလုပ်တွေများတာကလည်းပါတော့ စကားတောင် သိပ်မပြောဖြစ်ကြဘူးဗျ။
ဘာဖြစ်ဖြစ်ဗျာ..
ကျွန်တော်အကြောင်းတရားတွေက
မသေချာတာမျိုးတွေ အများကြီးရှိတတ်လွန်းလို့ ခုလောက်ကတည်းက ဆုကြိုတောင်းပေးထားတာ ပိုကောင်းမယ်ထင်မိတယ်။ဒါကြောင့်....
မနှင်းရေ....
ရှေ့လျှောတ်လည်း ဒီထက်ပိုပြီး ပုံတွေများများဆွဲ၊ ကဗျာတွေ များများရေးနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ နေနိုင်ပါစေလို့ မွေးနေ့ဆုတောင်း ကြိုတောင်းပေးထားလိုက်ပါတယ် ခင်ဗျ။
July 16,2019
Minsetwai