၃။ချစ်တဲ့စိတ်က
င့ါရဲ့ဖြူစင်ဆုံးအတ္တတရားပဲ
အတ္တဖြူချစ်ခြင်းအကြောင်းသိရဲ့လား?
မချစ်တော့တာမဟုတ်ဘူး
ချစ်တတ်လွန်းနေခဲ့တာ
အစိတ်စိတ်ကြေမွနေရလည်း
မင်းကမ္ဘာလေးလှပနေမယ်ဆိုရင်
စတေးခံရဲတာမျိုးလေ ...
ဟုတ်တယ်
အတ္တဖြူချစ်ခြင်းမျိုးနဲ့
မင်းကမ္ဘာလေးကို
လန်းဆန်းနေစေချင်ခဲ့တာအရိုးသားဆုံးဝန်ခံပါရစေ
သိပ်ချစ်ခဲ့လို့
ကိုယ်ထွက်သွားတာပါ တိမ်ဖြူ...။
(၂၄ ဇူလိုင် ၂၀၁၈)