တိမ်ဖြူသို့နောက်ဆုံးလွမ်းခန်း_၂၃

14 2 0
                                    

၂၃။

တိမ်ဖြူ
အလွမ်းပြက္ခဒိန်ဆိုတာ
ငါပိုင်ရတဲ့နေ့စွဲပြသင်္ကေတရက်စွဲတွေပါ
အဝေးဆုံးရဲ့အဝေးဆုံးမှာ
နေသားတကျရှိနေချင်ခဲ့တာလေ
အမှန်တိုင်းဝန်ခံရရင်နေသားမကျခဲ့ပါဘူး
အမှတ်တရအချိန်တွေက
ကိုယ်မြတ်နိုးမိနေဆဲ
ဒဏ်ရာစစ်စစ်တွေပါ
နာကျင်နေရဆဲပါလို့ငါမသုံးနှုန်းချင်ဘူး
ပျောက်ပျက်မေ့ပျောက်သွားမှာစိုးလို့
ဒီဒဏ်ရာတွေကိုပဲ
ပြန်ပြန်တူးဆွနေရတယ်လေ
ဒါပေမယ့် နာကျင်နေရသော်လည်း
မြတ်နိုးမိနေဆဲပါလေ

တိမ်ဖြူ
ငါ့ကမ္ဘာမှာ
နင်ဆိုသည်မှာအမြဲရှိနေဦးမယ်
ငါ့အသက်ငွေ့ငွေ့လေးပါပဲ
(ဘယ်တော့မှပျောက်ကွယ်မည်မဟုတ်သော
နင့်အငွေ့အသက်တွေလွှမ်းမိုးနေတဲ့
ချစ်ခြင်းတခု ပဲလေ)
ဟုတ်ပါတယ်
တိမ်ဖြူဆိုတာ
ငါ့ချစ်ခြင်းကိုဖန်တီးဖြစ်ပေါ်စေတဲ့
ငါ့အလွမ်းတွေရှင်သန်နေစေတဲ့
ဆွဲငင်အားတခုလိုပါပဲ
ဝေးကြခြင်း ခွဲခွာရခြင်း
နောက်ဆက်တွဲထိတိုင်အောင်
တိမ်ဖြူဟာ ဘယ်တော့မှမပျောက်သွားမယ့်
ရှင်သန်ဆဲအရိပ်ပါပဲ...


နင့်အရိပ်တွေနဲ့
ငါအလွှမ်းမိုးခံနေတုန်းပဲလေ
တနည်းအားဖြင့်ဆိုရမယ်ဆိုရင်
အလွှမ်းမိုးခံကမ္ဘာလေးမှာ
တသီးတသန့်
ဆက်လက်ချစ်နေမိဦးမှာပါပဲလေ
လွမ်းတယ်...တိမ်ဖြူရယ်...။

(၉ စက်တင်ဘာ ၂၀၁၈)

SNOW HNINNTempat cerita menjadi hidup. Temukan sekarang