တိမ်ဖြူသို့နောက်ဆုံးလွမ်းခန်း-၁၃

15 2 0
                                    

၁၃။

တိမ်ဖြူ 
ငါလေ...နင့်ကိုသိပ်သိပ်ချစ်တာ....
ငါ့ဆီကနေပဲ
ငါ့ချစ်ခြင်းတွေနင့်ဆီကိုပဲအမြဲဖြစ်နေမှာပါ
ဟုတ်တယ် 
ငါဟာနင့်အတွက်မဟုတ်ပေမယ့်
တုံ့ပြန်လာနိုင်ခြင်းမရှိတော့တဲ့
နင့်ကို ဆက်ချစ်နေမိခြင်းက
ငါ့ရှင်သန်မှုပဲလေ
နင့်ဆီကဘာမှရယူလိုခြင်းမရှိတဲ့ချစ်ခြင်းမျိုးနဲ့
နင့်ကိုတကယ်ချစ်တာပါ 
ဒါကိုနင့်နှလုံးသားက ခံစားမိမှာပါ ...။

ဘ၀ရဲ့အနိမ့်အမြင့်
အမြင်တွေ အယူအဆ တွေ ကွဲပြားခြင်းကလည်း 
ငါတို့ကိုဝေးသထက်ဝေးကွာစေတာပဲလေ 
ချစ်ခြင်းကိုနှလုံးသားနဲ့ခံစားတတ်တဲ့ငါနဲ့
ချစ်ခြင်းကို ဦးနှောက်နဲ့ခံစားတတ်တဲ့နင်နဲ့
ရှင်ကွဲဆိုတာငါတို့ရှေ့ရောက်လာရတာပဲ...
ချစ်ခြင်းကိုချစ်ခြင်းမေတ္တာစစ်စစ်အတိုင်း
နှလုံးသားထဲထည့်မိတဲ့သူတိုင်း
ရှင်ကွဲဆိုတာ သေရာပါ ဒဏ်ရာလေးတခုပါ တိမ်ဖြူရယ် ...။

(၁၉ သြဂုတ် ၂၀၁၈)

SNOW HNINNWhere stories live. Discover now