သူမအတွက်ပန်းချီ(၂)
****************
နှင်းရေ...
ဒီပန်း ချီကားကို နှင်းမှတ်မိဦးမယ် ထင်ပါတယ်။ တစ်ခါက ဒီပန်းချီကားကို ကျွန်တော် ပြခဲ့ဖူးပါတယ်။ အစက ကျွန်တော်က ယောကျာ်းလေး ဆံပင်ညှပ်ဆရာတစ်ဦးလို့ ထင်နေခဲ့မိတာပါ။ နောက်မှ နှင်းက ဒါကမိန်းကလေးတစ်ဦးသာဖြစ်ကြောင်း ပြောပြမှ ဒီပန်းချီကားရဲ့ အဓိပ္ပါယ်ကို နားလည်သွားခဲ့ရပါတယ်။ဒီပန်းချီကားလေးကို ဆွဲတဲ့သူက မက္ကစီကန်အမျိုးသမီး Frida Kahloပါ နှင်းရေ။ သူမဟာ ဒီပန်းချီကားကို 1940ခုနှစ်မှာ ရေးဆွဲခဲ့ပြီး ပန်းချီကားရဲ့နာမည်က Self Portrait With Cropped Hair ပါတဲ့။
ဒီပုံကတော့ Frida Kahloပါ ပဲ နှင်းရေ..။Frida Kahlo ကို ဂျူလှိုင်လ ၆ရက်နေ့ ၁၉၀၇ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်နှင်းရေ...။ သူမဟာ ပုံတူပန်းချီ မြောက်မြားစွာကို ရေးဆွဲခဲ့ပါသတဲ့။ အဓိကရေးဆွဲတာကတော့ မက္ကစီကိုရဲ့ သဘာဝတရားနဲ့ မက္ကစီကိုအသုံးအဆောင်ပစ္စည်းတွေကို ရေးဆွဲတာပါပဲ။