တိမ်ဖြူသို့နောက်ဆုံးလွမ်းခန်း-၁၀

16 3 0
                                    

၁၀။

ကဲ....ငါ့ရဲ့ အခုလို လွမ်းဆွတ်ခြင်းတေးသွားတွေကို နင်ကြားလိုက်ရတော့ ပျော်တယ် မှတ်လား တိမ်ဖြူ.....
နင်ပျော်တယ်ဆိုရင်ပဲ ငါ့ခံစားရမူက ထိုက်တန်တယ်ဆိုရမယ်
ဒီလိုပဲ...
ငါ့ဘဝကိုတော့ တစ္ဆေတွေခြောက်ပါစေ
နင့်ဘဝကတော့ ဆင်စီးလို့မြင်းရံနေ
အဲလိုအခြေအနေ ဆယ်သက်ဆယ်ခါ ကြုံပါစေ. ...း
ပြောပြီးသားစကားတွေက ထပ်ပြီး ရင်နဲ့ရင်းပြလို့ နင်ရှေ့မှာ ဦးငိုက်ဆင်းနေဦးမယ်ဆိုတာ....
ငါရဲ့ရင်ဘက်တစ်ခြမ်းလုံးက သစ္စာဆိုနေမယ်
ဟုတ်တာပေါ့....ငါက
နင့်ရဲ့ ........
(ခပ်ရင့်ရင့်ရယ်သံတွေမှာ
ကိန်းအောင်းနေရင်း ......
လွမ်းဆွတ်ခြင်းမိုးသားတွေကို
အသံတိတ်ရွာလို့ တစ်ရက်ကို
သုံးခါပဲ ပွင့်လန်းခဲ့ရတဲ့ကောင်.....)
ပြီးတော့....
(ငါက
တသက်မှာတခါသာရှိနေမယ့်
ငါရဲ့ အရိုးသားဆုံးချစ်ခြင်းတွေဆိုတာကို
ထုတ်ပြခွင့်မရဘဲ
ဒီရင်ဘတ်အောက်မှာ မေ့မြောခြင်းနဲ့
သန္ဓေတည်နေရမယ့်ကောင်)
ငါက
(အချစ်ရဲ့ဝှတ်ဖဲတစ်ချပ်ကိုကိုင်ရင်း နင်ဟားတိုက်တာ ဆက်ပြီး လက်ခံနေရဦးမယ့်ကောင်.....။)
ဘာလို့ ငါ ဒီလို
ပြောဖြစ်လည်းဆိုတာ နင် သိကောသိရဲ့လား တိမ်ဖြူ...
တကယ်တော့ ငါကနောက်ဆုံးရဲ့နောက်က"ကောင်"လေ
မင်းရှာဖွေမတွေ့နိုင်တဲ့ငါက ရှေ့ကလူရဲ့ ကျောနောက်မှာ ပျောက်ချင်မလှ ပျောက်နေမယ်ဆိုတာ အသိသာခဲ့ကြီးပဲလေ
သူများတွေလိုပဲပေါ့
ငါကလည်း ငါအလှည့်ရောက်လာတော့မှာလားဆိုပြီး မျှော်လင့်ခဲ့မိတာ အခါခါ
ဒါပေမယ့်
ကံကွက်က ကြဲကိုကြဲခဲ့ရသူပါ တိမ်ဖြူ
ငါ့တစ်ယောက်ကိုမှ မျတ်နှာနာစေခဲ့တာ
ရှက်ရွံ သိမ်ငယ်စေခဲ့တာ
အပျက်ပျက်နဲ့ နှာခေါ်င်းသွေးထွက်စေခဲ့တာ
အဲဒီလိုနဲ့ပဲ
လာလမ်းကိုလှည့်မပြန်ရဲခဲ့တာ
စိတ္တဇလွန် ရောင်စဉ်တွေနဲ့
အမှောင်တွေဘက် ကပ်ပြီး
ခဏတာ ဝိညာဉ် ခိုခဲ့မိတာ..
ခုတော့...
ငါ ရုန်းထွက်ရခက်ခြင်းနဲ့ အချစ်မှာ တန်းလန်းချိတ်မိနေတုန်းပဲ...
ဒါပေမယ့် ရပါတယ် တိမ်ဖြူ
နင် တန်ဖိုးမထားဘူးဆိုတာ
ငါကိုယ်တိုင်က တန်ဖိုးမရှိခဲ့လို့ပဲဆိုတာ
ရင်နဲ့ရင်းလို့ အသိရခဲ့ပါရဲ့လေ။
12:27Am
Aug 1. 18

SNOW HNINNWhere stories live. Discover now