တိမ်ဖြူသို့နောက်ဆုံးလွမ်းခန်း-၈

17 3 0
                                    

၈။

ဘာဖြစ်ဖြစ်..
ငါ ခံစားနေရဖို့ ထိုက်တန်တယ်မှတ်လား တိမ်ဖြူ...
နောက်ဆုံး နင့်ရဲ့ဥပက္ခောတရားတွေ အထိ
ငါ ခံစား ဖို့ ထိုက်တန်တယ်မှတ်လား
အဖြူရောင်လွင်ပြင် နင်မသိဘူး တသီးတသန့်ထားတယ်..
ပုရွက်ဆိတ်တစ်ကောင်တာ ခြေလာမချစေခဲ့ဘူး
ငါ့ အဲဒီလောက်ထိ ကလေးတစ်ယောက်လို
အမြတ်တနိုးနဲ့ စုဗူးထဲမှာထည့်စုထားတယ်
ဒါနဲ့တောင် နင့်မေတ္တာတွေဟာ
ဘာကြောင့်လမ်းလွှဲနေရသလဲကွယ်
ငါကတော့..
ရင်ဘက်တစ်ခုလုံး ပက်ကြားအက်လို့
နင့်ကိုမှ စောင့်မျှော်ချင်နေတယ်
နာရီတွေအကုန် ဓာတ်ခဲထုတ်
ပြက္ခဒိန်တွေ အားလုံးစုတ်လို့
မိုးရေထဲ ငါသွန်ပစ်လိုက်တယ်
ရေလိုက်ငါးလိုက်မဖြစ်တဲ့အချစ်ဟာ
မိုးရေထဲမှာ ပြုံးပြုံးလေးပျော်လို့
စွန်ကြိုးပြတ်တဲ့ကောင်
စွန်ကြိုးပြတ်တဲ့ကောင်
စွန်ကြိုးပြတ်တဲ့ကောင်တဲ့
အော်နေလိုက်တာများ
ငါ...
ငါ....
ငါ....
မိုးချုပ်လို့ ချုပ်မှန်း မသိတော့ဘူးကွယ်။
July26.18

SNOW HNINNWhere stories live. Discover now