(၂၈)
ဘာဖြစ်ဖြစ်ဟာ
ငါ ခြေရာဖျောက်ပေးခဲ့ပါတယ်..
ခြေရာမကောက်ချင်သူ နင့်အတွက်
ပြာမှုန့်တစ်မှုန့်တောင်
ငါ ချန်မထားချင်ခဲ့ပါဘူး တိမ်ဖြူ.....အခု ငါအေးချမ်းသွားတယ်
နင့်ကိုလည်း လိုက်ရှာစရာ မလိုတော့သလို
ငါ့ကိုယ်ငါလည်း လိုက်ရှာစရာ မလိုတော့ဘူးဒီလိုပဲ
ဒဏ်ရာတွေလည်း
ရေလောင်းပေါ်င်းသင်းစရာ မလို...
အလွမ်းတွေလည်း
တခမ်းတနား မွေးမြူထားစရာမလို
နောင်တတွေလည်း
ခဏ၊ ခဏ ယုယထွေးပွေ့နေစရာ မလို
မျတ်ရည်တေးတွေလည်း
ညချော့တေးအဖြစ်
သီကုံးပြနေစရာမလို
နင့်အရိပ်တွေလည်း
တွေ့လိုတွေ့ငြား လိုက်လိုက်ရှာနေစရာမလို
ဘာဆိုဘာမှကိုမလို..
ငါဟာ တိမ်တွေလို
လေနှင်ရာ လွင့်တတ်ဖို့ပဲ လိုတော့တယ်။ဟုတ်တယ် တိမ်ဖြူ...
တွယ်ဖတ်ထားခြင်းရဲ့ စိတ်ဒဏ်ရာတွေကို
ငါလွှတ်ချလိုက်တယ်
သောကတရားတွေအကုန်လုံးကိုလည်း
ငါ့ဝိညာဉ်က ဖယ်ရှားလို့ထုတ်လိုက်တယ်
ရှေ့တူရှုဆီက ထွန်းလင်းတဲ့
ရောင်နီစအောက်မှာ..ငါ.
အတ္တတွေ သန့်စင်
စင်ကြယ်ပစ်လိုက်သလိုမျိုး
ဝါးဂွမ်စလေးအသွင်နဲ့
တဖြည်းဖြည်းလေးပဲပေါ့
နင်နဲ့ပတ်သက်တဲ့
လောကကြီးတစ်ခုလုံးကို မျက်ကွယ်ပြု
ရောင်နီတွေ အဖော်ပြုလို့ မျောရင်း
ဝေးသထက် ဝေးရာ
လွင့်ပါးလိုက်တော့တယ်....
(နူတ်ဆက်ခဲ့ပါတယ် တိမ်ဖြူရယ်....)..။
THE END
Sep27.18
MINSETWAI
SNOW HNINN