တိမ်ဖြူသို့နောက်ဆုံးလွမ်းခန်း

35 3 3
                                    

တိမ်ဖြူသို့နောက်ဆုံးလွမ်းခန်း
**********************
Minsetwai, Snow Hninn

(၁)
တိမ်ဖြူရေ
ခပ်ရင့်ရင့်ရယ်သံတွေမှာ
ကိန်းအောင်းနေတဲ့
တရက်သုံးခါပွင့်တဲ့
လွမ်းဆွတ်ခြင်းမိုးသားတွေ
အသံတိတ်ရွာနေတယ်...
(တကယ်အသံတိတ်ပါပဲ)
တသက်မှာတခါသာရှိနေမယ့်
အရိုးသားဆုံးချစ်ခြင်းတွေ
ဒီရင်ဘတ်အောက်မှာ မေ့မြောနေတာ
အချစ်ရဲ့ဝှက်ဖဲတချက်လိုပဲ
အဲလိုပြောပြမိရင်
ရှင်ရယ်များရယ်နေမလားနော်
(တသက်မှာတခါသာရှိတဲ့
ရိုးသားဆုံးချစ်ခြင်းဆိုတာကိုလေ)
တိမ်ဖြူ...
ငါ့ကိုမနှစ်သိမ့်ပါနဲ့
ကျေးဇူးပြုပြီး
သနားစရာလိုအကြည့်နဲ့မကြည့်ပါနဲ့
အချစ်တဲ့!
အရောင်ဆိုးမှလှတဲ့အချစ်လို့
မြင်နေသရွေ့
ငါ့အလွမ်းရောင်တွေ မပွင့်ပါရစေနဲ့
ထို့ကြောင့်
ငါ့ကိုမနှစ်သိမ့်ပါနဲ့...။
(၂၂ ဇူလိုင် ၂၀၁၈)

SNOW HNINNWhere stories live. Discover now