၂၅။ကိုယ်နဲ့ဘယ်လိုမှမသက်ဆိုင်တော့တဲ့
တခါကလူတယောက်
အတွေးတွေကို
နှလုံးသားထဲ
ဆက်လက်ရှင်သန်ခွင့်ပေးနေမိတာ
ရူးသွပ်ခြင်းတမျိုးပဲ
ငရဲတမျိုးပဲဒါပေမယ့်လေ တိမ်ဖြူ
အဲ့ဒီရူးသွပ်ခြင်းတွေနဲ့
နေ့ရက်ပေါ်ဖြတ်လျှောက်ရမှ
နေသာထိုင်သာရှိတာလေ
ရူးသွပ်ပါစေတော့...
အဲငရဲကို
ငါတယုတယမြတ်နိုးနေမိတော့လည်း
မသက်ဆိုင်တော့တဲ့
နင့်အကြောင်းအတွေးတွေနဲ့ပဲ
ရူးသွပ်နေဦးမယ်...
နင်မသိနိုင်တော့တဲ့
ငါ့အသံတိတ်အလွမ်းတွေနဲ့
ရုန်းထွက်မရခြင်းမှာ
ငါကျေနပ်ပါတယ်
ငါ့မေ့မရနိုင်ခြင်းအတွက်လည်း
ကံကြမ္မာကိုကျေးဇူးတင်မိတယ်
ကြမ္မာရဟတ် တကွေ့မှာ
ပြန်ဆုံကြရဦးမယ်ဆိုရင်
တိမ်ဖြူရေ...
ရှင်ကွဲ စုံစည်းခြင်းမျိုး မဖြစ်ပါစေနဲ့လို့သာ
ဆုတောင်းနေမိဆဲပါလေ...။(၁၆ စက်တင်ဘာ ၂၀၁၈)