သူမအတွက်ပန်းချီ-၃
***************
နှင်းရေ.... ပန်းချီဆွဲဟန်တစ်မျိုးထူးတဲ့ ပန်းချီဆရာတစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။ သူကတော့ ရုရှားပန်းချီဆရာ Kazimir Malevichပါ။
Kazimir Malevichကို ဖေဖာဝါရီ၂၃ရက်နေ့၊ ၁၈၇၉ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ၂၀ရာစုရဲ့ အတွေးအမြင်သစ်ကို ဖော်ဆောင်တဲ့ ပန်းချီဆရာတစ်ယောက်ဖြစ်သလို သီအိုရီသဘောတရားတွေကို လက်ကိုင်ထားတဲ့ ပန်းချီဆရာတစ်ယောက်ပါ။ သူဟာ မျတ်နှာအမူအယာ ပုံစံတစ်ခု တိုးတတ်ဖြစ်ထွန်းလာဖို့အတွက် အရေးအပါဆုံးအရာကို တီထွင်ကြံဆခဲ့ပါတယ်။ အဲဒါက သဘာဝဖြစ်တည်နေတဲ့ ပုံစံတွေကနေ တစ်မျိုးကွဲထွက်လာခဲ့တော့ပါတယ်။ ကျွန်တော် သူ့ကို စိတ်ဝင်စားမိစေခဲ့တဲ့ ပန်းချီကားကတော့.......
နှင်းရေ..ဒီကားကိုကြည့်လိုက်ရင် ဆွဲထားပုံဟာ အရမ်းရိုးရှင်းပြီး အသက်ပါနေတာကို တွေ့ရမှာပါ။ ပြီးတော့ ပန်းချီကားထဲက လူတွေဟာ ကျောခိုင်းထားပေမယ့်
ဒီလူတွေမှာ မျော်လင့်ချက် တစ်စုံတစ်ရာထားနေပုံကို ပန်းချီဆရာရဲ့ ဆွဲပြနိုင်မူကြောင့် သတိပြုမိစေပါတယ် နှင်းရေ။ ဒီပန်းချီကားရဲ့ နာမည်ကတော့ Three Woman Figures ဖြစ်ပြီး ၁၉၃၀ခုနှစ်မှာ ရေးဆွဲခဲ့တာပါ။ Kazimir Malevich အစောပိုင်းမှာတော့ အသေးစိတ်မခြယ်မှုန်းဘဲ ယေဘူယျပုံပေါ်အောင် ပန်းချီဆွဲနည်း(impressionism)၊ သင်္ကေတဝါဒ (Symbolism) ရေးဆွဲနည်း စသကဲ့သို့ နည်းအမျိုးမျိုးနဲ့ ရေးဆွဲခဲ့ပြီး ၁၉၁၂ခုနှစ်မှာတော့ ကုဗပုံ၊ အန်စာတုံးပုံပေါ်အောင် ပန်းချီရေးဆွဲနည်း (Cubism)ကို လေ့လာဖို့ ပဲရစ်ကို ရောက်လာပါတော့တယ်။Kazimir Malevichရဲ့ အထင်ရှားဆုံး
ပန်းချီကားတွေကတော့...
Black square (1915)
White on white (1918)တို့ပါပဲ။