၂၇။
ငါကိုယ်တိုင်သဂြိုလ်လိုက်တဲ့
ငါသတိရခြင်းတွေအကြောင်း
နင်ရှိတဲ့ကမ္ဘာတခြမ်းမှာ
အရာအသွင်းမခံရတဲ့
အရှို့ခံတိမ်တိုက်တွေပဲ
နင် လှည့်မကြည့်တော့တဲ့
အမေ့ခံတိမ်တိုက်ပါပဲ
ငါ့ရင်ထဲကြွင်းကျန်ရစ်တဲ့
လောင်ကျွမ်းနေတဲ့
အလွမ်းတိမ်တိုက်တွေရဲ့
ခြွေချကြွေကျလာရတဲ့
ပြာမှုန်တွေပဲ
ဒါဆို ငါတို့တွေကမ္ဘာတခြမ်းဆီမှာ
ကိုယ့်လမ်းကိုယ်ဆက်လျှောက်ကြရုံပဲမလား
နင့်အတွက်တော့
ဟုတ်ချင်ဟုတ်မယ် တိမ်ဖြူရယ်
ငါ့ကိုယ်ငါလည်း
သိပ်အံဩနေမိတယ်
ဘယ်မလဲ ငါ့မာနတွေ!
(နင်ကငါ့ရင်ထဲရှိနေသေးတယ်ဆိုတဲ့အသိ)
ဘယ်လိုမှဖျောက်ဖျက်မရသေးပါလား
နင်ဘာလို့ရှိနေရသေးတာလဲ
သဂြိုလ်လိုက်တဲ့သတိရခြင်းတွေရဲ့
ပြာမှုန့်တွေကဘာလဲ?
အလွမ်းဓာတ်တွေလား
ငါဆိုတာနင့်အတွက်ဘာ
ဆိုဘာမှမဟုတ်တဲ့
သူစိမ်းစစ်စစ်ပဲလေ
ဘာလို့ ငါ က!
မေ့မရ နိုင်ရတာလဲ?
ဝဋ်ကြွေးလားဟာ?
ကြေပါစေလို့ ငါဆုမတောင်းရက်နိုင်လောက်ကို
နင်ပျောက်သွားမှာ
ငါစိုးရိမ်နေတဲ့စိတ်က ဘာလဲ?
အဖြေရှာမရတဲ့ ငါ့အဖြစ်တွေက
ငါ...ရူး...တော့...မယ်
မာနတွေဆိတ်သုဉ်းသွားတဲ့... ငါ...
အတိတ်ဆီ ပြန်ပြန်သွားရင်း
ကိုယ့်ဝေဒနာကို
ကိုယ်တိုင်ကိုယ်ကျ
ဓားထက်ထက်နဲ့ ထိုးနှက်မိနေတုန်း
(နာ ကျင် လွန်း လှ တဲ့
တမ်း တ ခြင်း တွေ နဲ့ သာ
ပိုင် ဆိုင် ရ နေ ဆဲ ဟာ... တိမ် ဖြူ...)(၁၉ စက်တင်ဘာ ၂၀၁၈)