၁၇။ငါ့ကမ္ဘာကနင်မပါတဲ့ကမ္ဘာ
ရူးသွပ်ခြင်းလို့ဆိုကြပါစေ
ငါ့ ရင်ဘတ်အပြည့် နင့်ကိုလွမ်းစိတ်တွေနဲ့
ငါ့စိတ်ကူးထဲနင်ရှိနေဆဲလေ
တကယ်ဆိုငါ့နှလုံးသားထဲကအချစ်တွေ
နင့်ဥပေက္ခာမုန်တိုင်းကြားမှာတောင်
ဆက်လက်ရှင်သန်နေသေးတယ်
နင်သိပ်ကံကောင်းတာပဲ သိလား
နင့်ကိုမုန်းမေ့မရတဲ့လူတယောက်
ဒီကမ္ဘာရှိနေသေးတယ်ဆိုတာကိုပေါ့
မနက်ဖြန်...မနက်ဖြန်တွေတိုင်း
မနက်ဖြန်များစွာတွေအထိပေါ့
လက်တဖက်တည်းနဲ့
အလွမ်းတေးဆက်တီးနေမိဦးမယ်လေ
ဒီအလွမ်းက
လက်ခုပ်နှစ်ဖက်မလိုပါဘူး
ငါ့ရဲ့တဖက်ခြမ်းနဲ့တင်
အလွမ်းသံစဉ်စစ်စစ်မြည်ပါတယ်
တိမ်ဖြူ...။
(၁၉ ဩဂုတ် ၂၀၁၈)