သူမအတွက်ပန်းချီ

44 2 3
                                    

သူမအတွက်ပန်းချီ

(၁)

နှင်းရေ..
ဒီနေ့တော့ ပန်းချီအကြောင်းလေး
မသိပေမယ့် ပန်းချီစိတ်ဝင်စားတဲ့
ပန်းချီနဲ့ပတ်သက်တာလေး
နည်းနည်းလောက်ပြောချင်ပါတယ်
နှင်းကလည်း ပန်းချီ စိတ်ဝင်စားတဲ့သူ
မှတ်လား။

ဒီနေ့တော့ ပန်းချီအကြောင်းလေး မသိပေမယ့် ပန်းချီစိတ်ဝင်စားတဲ့ ပန်းချီနဲ့ပတ်သက်တာလေးနည်းနည်းလောက်ပြောချင်ပါတယ် နှင်းကလည်း ပန်းချီ စိတ်ဝင်စားတဲ့သူ မှတ်လား။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ဒီပန်းချီကားနာမည်က pierrot ပါတဲ့။
မြန်မာလို အဓိပ္ပါယ်ကို ရှာဖွေကြည့်
လိုက်တော့...
(ပြပွဲများတွင် လူရွှင်တော်ဝတ်စုံအပွ ကြီးကိုဝတ်၍ ဧည့်ခံသော မျက်နှာဖြူသည့် ဧည့်ခံဖျော်ဖြည်သူ။ ယင်းသို့ ၀တ်ဆင်ထားသည့် ပြင်သစ်ရုပ်သေး သရုပ်ဆောင်)ပါတဲ့။

ပန်းချီဆွဲတဲ့သူကတော့ Juan Grisပါ။
သူဟာ စပိန်ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး
ကျောက်ပန်းချီးရေးဆွဲတဲ့အဖွဲ့မှာ Cubismပန်းချီရေးဆွဲတဲ့သူတွေနဲ့ အတူအလုပ်လုပ်ကိုင်ပါသတဲ့။
သူ့အကြောင်းကို အားမရသေးလို့
ထပ်စုံစမ်းကြည့်ပါသေးတယ်။
ထပ်သိရတာက Juanကို ၁၈၈၇ခုနှစ်၊
မတ်လ၂၃ရက်နေ့၊ စပိန်နိုင်ငံ မတ်ဒရစ်မြို့မှာ မွေးဖွားခဲ့ပါတယ် နှင်းရေ...။ သူဟာ ပန်းချီဆရာတစ်ယောက်အနေနဲ့တင် မကဘဲ ကျောက်နံရံတွေပေါ်မှာပါ ပန်းချီဆေးရေးခြယ်တဲ့သူတစ်ယောက်ပါ
ဖြစ်ပြန်သတဲ့...။

ဒါကတော့ သူ့ပုံပါ နှင်းရေ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒါကတော့ သူ့ပုံပါ နှင်းရေ....။
သူဟာ စပိန်လူမျိုးတစ်ယောက်ဆိုပေမယ့် သူဟာ ပြင်သစ်မှာ အနေများပြီး ပြင်သစ်မှာပဲ ပန်းချီဆွဲလို့ အသက်မွေးဝမ်းကြောင်း ပြုလုပ်နေထိုင်ပါသတဲ့။ သူဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ၁၉၀၆ခုနှစ်မှာ ရောက်ရှိလာခဲ့ပြီး Henri Matisse, Georges Braque, Fernand legerတို့နဲ့
သူငယ်ချင်း ဖြစ်လာခဲ့ပါတယ် နှင်းရေ...။၁၉၁၀ခုနှစ်မှာတော့ Juanဟာ ကာတွန်းရေးဆရာတစ်ယောက်အဖြစ်
အလုပ်ရရှိပြီးနောက်မှာတော့ ပန်းချီကို စတင်ရေးဆွဲလာပါတော့တယ်။

နှင်းရေ....အပေါ်မှာ ဖော်ပြခဲ့တဲ့ပုံကိုတော့ Juanဟာ ၁၉၂၂ခုနှစ်မှာ ဆွဲခဲ့တာပါနှင်းရေ...။ ဘာကြောင့်ရယ်မသိ ဒီပုံကို မြင်မြင်ချင်း ကျွန်တော်နှစ်သက်နေမိတယ်။ ဒါကြောင့် ပြန်လည် ဖော်ပြလိုက်တာပါ နှင်းရေ.....။ဒါပေမယ့် ဒီပုံရဲ့အဓိပ္ပါယ်ကိုတော့ ကျွန်တော်မပြောပြတတ်ပါဘူးနှင်းရေ...။နှင်း သူ့အကြောင်း အသေအချာလေ့လာချင်တယ်ဆိုရင်တော့ Wikipedia မှာ ရှာကြည့်နိုင်ပါတယ် ။ နောက်ဆုံးအနေနဲ့ အောက်မှာ သူရဲ့နာမည်ကျော်
ပန်ချီကားလေးကို ဖော်ပြပေးပါမယ်။

။နှင်း သူ့အကြောင်း အသေအချာလေ့လာချင်တယ်ဆိုရင်တော့ Wikipedia မှာ ရှာကြည့်နိုင်ပါတယ် ။ နောက်ဆုံးအနေနဲ့ အောက်မှာ သူရဲ့နာမည်ကျော် ပန်ချီကားလေးကို ဖော်ပြပေးပါမယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ဟုတ်ပါတယ် နှင်းရေ...။ပီကာဆိုရဲ့ ပုံတူပန်းချီကားပါပဲ။ ပီကာဆို သူ့အလေးစားရဆုံး ပန်းချီဆရာတစ်ယောက်ပါတဲ့။
ဒီကားကို ၁၉၂၂ခုနှစ်မှာ ဆွဲခဲ့ပါသတဲ့...
နှင်းရေ...။ ပြည့်ပြည့်စုံစုံကိုတော့ Wikipedia မှာ ရှာကြည့်လိုက်ပေါ့နော်။

July19.18
Minsetwai

SNOW HNINNWhere stories live. Discover now