တိမ်ဖြူသို့နောက်ဆုံးလွမ်းခြင်း-၁၄

16 1 0
                                    

၁၄။
ရှင်ကွဲဆိုတော့လည်း ရှင်ကွဲပေါ့
ဒါပေမယ့်...
ငါ့နှလုံးသားထဲမှာ နင့်ကိုက နေရာပေးပြီးထားပါ တိမ်ဖြူ....
အဲဒါက နင်နဲ့ပတ်သက်ပြီးထားတဲ့ ငါ့ရဲ့တားမြစ်နယ်မြေ
မကျူးကျော်ရ...
မည်သူမျှ....မည်သူမျှ......ပေါ့...။

တိမ်ဖြူ..
အရာရာကို..မီးမောင်းထိုးကြည့်
ခနော်ခနဲ့ နိုင်တဲ့ လမ်းထဲ
ဘယ်သူမှ ဖြတ်မလျှောတ်ရဲတာလည်း
သဘာဝကျကျ..ရှိပါတယ်
ဒါ သရဲခြောက်ပြတဲ့ ဇာတ်ဝင်ခန်းမဟုတ်တာလည်း နင်သိကောင်းသိပါတယ်
ငါကတော့ နင့်ခြေဖမို့ သွေးစို့ သွားမှာကိုပဲ စိုးတော့တယ်။

အချစ်ရဲ့ကောင်းမြတ်ခြင်းထဲမှာပဲ
နေထိုင်လိုက်ပါတိမ်ဖြူ...
ဒီရှင်ကွဲက လူချင်းမပေါ်င်းစပ်ရတာလေးရယ်ပါ
ငါစိတ်က အမြဲဆက်သွယ်တန်းရက်ပါ

ဒီနောက်
လှိုင်းခတ်သံတွေကို ငါတစိမ့်စိမ့်ကြားတယ်..
ပင်လယ်မှာ ကလေးတစ်ယောက်လိုမျိုး
သံယောဇဉ်တွေအကုန်လုံး ခဝါချ
ပြောင်နေအောင် ဆေးကြောသန့်စင်ပစ်လိုက်တယ်..

ပြီးတဲ့နောက် ငါ့နေရာငါပြန်လာခဲ့တယ်
မထူးပါဘူး
နင့်ကို ပြန်လွမ်းနေတယ်..
ဘယ်လိုလဲကွယ်.
ငါမသိတော့ပါဘူး....
အရူးအမူးချစ်တတ်ခြင်းနဲ့
ဘဝတစ်ခုလုံး
ထုံကျင်အေးလို့နေတော့တယ်...။
Aug9.18

SNOW HNINNWhere stories live. Discover now