၂၄။
နင်ကော လွမ်းရဲ့လားကွယ်
ကမ္ဘာပျက်နေတဲ့တေးနဲ့
တစ်ယောက်တည်းဝေးနေရတဲ့ဘဝထဲမှာ
လျောု့ကြိုးတွေကလည်း
ကုန်လုလုပါ တိမ်ဖြူ.
သို့သော်ငြား ချစ်ခြင်းတရားတို့သည်က
အံသြသင့်သည်ရာ၏ကုန်လုလု အိုးထဲမှာ
ခပ်မကုန်တဲ့ ရေနည်းနည်းဟာ
နေ့စဉ်နဲ့အမျှရှိနေသည်သာ
ဘဝသည်သာ ပြောင်းလဲသည်
ချစ်ခြင်းတို့မည်သည်
အသိမ်းဆည်းလွန်းသည့်
ပန်းချီကားချပ်ပမာ
ဖုန်းသုတ်ပြီးတိုင်းမှာ
ခံစားနုလွင်ပျိုနေတဲ့အခါ
ငါ့မှာလေ...
ဘယ်ညာနှစ်ဘက်က
နင့်ပါးကွက်ကြားထဲ
စွဲလမ်းလွန်တဲ့ တစ္ဆေလိုမျိုး
တစ်ကိုယ်စာ အထီးကျန်ခြင်းထဲ
လွမ်းမိုးတွေပဲ ဖွဲဖွဲရွာပစ်လိုက်မိတယ်
တိမ်ဖြူ...ရယ်
ချစ်ခြင်းတွေ သီအိုရီမဆန်ခဲ့ပါပဲနဲ့ကွယ်....။
Sep14.18