၆။ငါကတော့ လွမ်းဖျား ဖျားနေရဆဲပေါ့ တိမ်ဖြူ....
သက်သာလို သက်သာငြားပေါ့
မိုးရေထဲ တစ်ကိုယ်ရေ
လမ်းလျှောက်ထွက်ပစ်လိုက်တယ်...
လျှပ်စီးတွေ တဖျပ် ဖျပ် လတ်နေပေါ့
ဒီတော့...
နင်ကော မိုးလုံပါရဲ့လားလို့
ဒါမှမဟုတ်
အလွမ်းလုံပါရဲ့လား
ဒီလို စိတ္တဇအတွေးနဲ့
ငါကောင်းကင်ကို မော့ကြည့်မိတဲ့အခါ
မိုးရေတွေလည်း မျတ်ဝန်းထဲ ခုန်ဆင်းကျလာကြ
ဟော့ဒီ သံသယနယ်က ငါ့ကိုရုန်းထွက်ခွင့်ပေးနိုင်မှာတဲ့လား
ငါ မရှိချင်တော့...
ဒူးထောက် ပြိုလဲကျတော့မှာ
ဒါပေမယ့် .
ငါရဲ့ကဗျာတစ်ပုဒ်ကိုတော့
နင်ယုယထားပေးပါ
မိုးရေတွေကြား နွေးအောင်ထားပေးပါ
အလွမ်းဟာ ရစ်သမ်တိုးလာနေတာကို
နင် အပျင်းပြေလေး ခံစားပါ
ဒါ
ငါ ဒူးထောက်လဲကျသွားတာပါလို့
နင်ယုံကြည်ပေးထားပါ တိမ်ဖြူရယ်...။July25.18